စျေးကွက်ထဲမှာ အခြေခံပြည်သူများ အဓိကထားဝယ်ယူသုံးစွဲကြသော စားအုန်းဆီဈေးတက်ပြီး ရှားပါး ပြတ်လပ်လာပါတယ်။ အရင်က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ စားအုန်ဆီအချိုးကြ ရောင်းချပေးကြပေမယ့် အခုမရောင်းပေးကြတော့ဘူး။ ရပ်ကွက်အတွင်း စစ်ကောင်စီသတ်မှတ်ဈေးဖြင့် လာရောင်းသောကားလည်းမလာတော့သလို ၊ ဈေးထဲတွင် စစ်ကောင်စီသတ်မှတ်နှုန်းဖြင့် တစ်အိမ် ၅၀ သားရောင်းပေးသောဆိုင်တွေမှာလည်း တန်းစီဝယ်ယူသူများလွန်း၍ စားအုန်းဆီဝယ်ရခက်ခဲနေတယ်။ ထိုဆိုင်တွေမှာ မနက်အစောထဲက တန်းဆီတဲ့လူတွေက အများကြီးဖြစ်နေပြီ။ တစ်ခါဝယ်ရဖို့ တစ်နာရီကျော်လောက် တန်းစီရတယ်။ ကိုယ့်အလှည့်ကျမယ့် ဆီကုန်သွားတာလည်း ကြုံနေရတယ်။
စားအုန်းဆီ ရှားပါးပြတ်လပ်မှုကြောင့် ရန်ကုန်မြို့ရှိ လက်ဖက်ရည် ဆိုင်အချို့တွင် အီကြာကွေး ၊စမူဆာ ၊ပလာတာ စသည့် စားအုန်းဆီဖြင့်ကြော်ရောင်းရသောတွေ အရောင်းရပ်ထားရတဲ့ အခြေအနေဖြစ်နေပြီ။
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုတစ်ပိဿာ ၅,၃၆၅ ကျပ်ဖြင့် စစ်ကောင်စီက သတ်မှတ်ထားသော်လည်း ပြင်ပပေါက်စျေးမှာ တစ်ပိဿာ ၁၃၀၀၀ ထိဖြစ်နေလို့ ၂ဆကျော် ကွာဟနေပါ တယ်။အရင်က စားအုန်းဆီကို အရောအနှောတွေပါတော့ ကျန်းမာရေးအရ မကောင်းဘူး ဆိုပြီး လူတွေက မစားကြဘူး။ အခြားစျေးသက်သာတဲ့ ဟင်းရွက်ဆီမျိုးတွေပဲ ဝယ်သုံးကြတယ်။ အခုက အခြားဆီစျေးတွေ တက်သွားတော့ ရပ်ကွက်ထဲက လူတွေက စားအုန်းဆီကိုပဲ အားပြုပြီး ဝယ်သုံးကြရတယ်။ အခုတော့ စားအုန်းဆီပါ စျေးတွေတက်၊ ဝယ်ရလည်း ခက်နေတော့ အကုန်ဒုက္ခရောက်ကုန်ပြီ။