စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ စစ်အုပ်စုက စစ်သားစုဆောင်းဖို့ ပေါ်တာဆွဲနေပါတယ်။ အထူးသဖြင့် ရေဦး၊ခင်ဦး၊ရွှေဘိုနဲ့ ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွေမှာ စစ်အုပ်စုက အမျိုးသားတွေသာမက အမျိုးသမီး တွေကိုပါ စစ်သားသစ် စတင်စုဆောင်းနေတယ်။ ထိုမြို့နယ်တွေမှာ မြို့ပေါ်မှာသာမက ကျေးရွာတွေ အထိ ပါစစ်အုပ်စုကစီးနင်းကာ ပေါ်တာဆွဲလူသစ်စုဆောင်းနေလို့ ဒေသခံပြည်သူတွေ ကိုယ်လွတ်ရုန်းထွက်ပြေး နေရတယ်။လက်ရှိကတော့ သူတို့နယ်မြေစိုးမိုးထားနိုင်တဲ့ မြို့အနီးဝန်းကျင်ရွာတွေပေါ့။ တချို့ပြည်သူ တွေဆို တောထဲတွေမှာ တဲတွေနဲ့ ထွက်ပြေးပြီး နေတဲ့အချိန်မှာ စစ်အုပ်စုက စစ်ကြောင်း ထိုးလာပြီးတော့ တွေ့တဲ့ တဲတွေ အကုန်လုံး မီးရှို့သွားတယ်။ရေဦးမြို့ပေါ်မှာလဲ ပြီးခဲ့တဲ့ရက်တွေက မြို့ပေါ်ကအမျိုးသား ခြောက်ဆယ်ဦးခန့်ကို စစ်မှုထမ်းဖို့ဖမ်းဆီးခေါ်ဆောင်သွားသေးတယ်။ ထိုလူတွေထဲက တချို့တွေကတော့ ပြန်လည်ထွက်ပြေးလွတ်မြောက်လာခဲ့တယ်။ ပြည်သူတွေကတော့ စစ်ဘေးရှောင်ရတာနဲ့ စစ်မှုထမ်း ဥပဒေနဲ့ လူသစ်စုနေလို့ ထွက်ပြေး နေရတာကြောင့် ဒုက္ခနှစ်မျိုးနဲ့ ကြုံနေကြရတယ်။
ဇွန် ၂၈၊ ၂၀၂၅။ (သောကြာ)
ကရင်နီပြည်နယ်မိုးဗြဲမြို့ကို စစ်တပ်ကအင်အားအလုံးအရင်းနဲ့ ထပ်မံတိုက်ခိုက်လာပါတယ်။မိုးဗြဲမြို့ကိုစစ်တပ်က အကြိမ်ကြိမ်ထိုးစစ် ဆင်နေပေမယ့်အခုချိန်ထိတော့မရရှိသေးပါဘူး။တချိန်ထဲမှာပဲ...