ဒီလဆန်းပိုင်းက ပုဂ္ဂလိကလုပ်ငန်းရှင်တချို့ဟာ သူတို့လုပ်ငန်းတွေက ဝန်ထမ်းတွေကို လစာတိုးပေးမည် ဖြစ်ကြောင်းအသီးသီးကြေညာခဲ့တယ်။ ခေတ်ကာလအခြေအနေတွေကြောင့် အခုလိုလစာတိုးပေးရတာ ဖြစ်ကြောင်းလဲဖော်ပြခဲ့တယ်။ စစ်ကောင်စီဟာ ဝန်ထမ်းလစာတိုးပေးခဲ့ ထိုလုပ်ငန်းရှင်တွေ ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးရတဲ့လုပ်ငန်းရှင်အနည်းဆုံး ၁၀ ခန့်ရှိတယ်လို့ သိရတယ်။ ထိုလုပ်ငန်းရှင်တွေဟာ ခရိုနီတွေ မဟုတ်ကြဘူး။ အလယ်လတ်တန်းစား လုပ်ငန်းရှင်လေးတွေသာဖြစ်တယ်။ ကိုယ့်ဒူးကိုယ်ချွန်ပြီး ဒီအခြေနေထိရောက်အောင် ကြိုးစားလာကြသူတွေပါ။ အဲ့ဒါကိုစစ်ကောင်စီက လစာတိုးပေးပြီး မတည်မငြိမ်ဖြစ်အောင် ဖန်တီးပါတယ်ဆိုပြီး မတရားဖမ်းသွားခဲ့တယ်။ ဖမ်းဆီးခံရသူတွေထဲမှာ ကိုယ့် အသိတစ်ယောက်လဲပါသွားခဲ့တယ်။ သူဆိုရင်သူ့လုပ်ငန်းကို အောက်ခြေကစခဲ့ပြီး ဆယ်စုနှစ်တစ်ခုကြာအခြေအနေတစ်ခုရောက်အောင် ကိုယ့်အားကိုယ်ကိုးကြိုးစားလာခဲ့ရတာပါ။ အခုတော့ ဘာမှမလုပ်ပဲနဲ့ ထောင်ထဲရောက်သွားပြီ။ ဆိုင်လဲချိတ်ပိတ်ခံလိုက်ရပြီ။ ဝန်ထမ်းတွေလဲ အလုပ်လက်မဲ့ဖြစ်ကုန်ပြီ။ ဒီကိစ္စကြီးမှာ စစ်ခွေးတွေအတော်မိုက်ရိုင်းလွန်းတယ်။ ကိုယ့်ဝန်ထမ်းကိုယ်လစာတိုးပေးတာတောင် ဖမ်းတယ်ဆိုတော့ မြေခွေးထက်တောင် ယုတ်မာလွန်းနေတယ်။ ဒီနိုင်ငံဟာနေချင်စရာတစက်မှ မရှိတော့ပါဘူး။