ရှမ်းမြောက်အကြောင်းကို ဆက်ပြောရရင် နှစ်ဖက်တင်းမာမှုတွေရှိနေပေမယ့် တကယ်တိုက်ပွဲကြီးတွေ ဖြစ်လာဖို့က ထင်သလောက်မလွယ်သေးပါဘူး။ ဘာလို့လဲဆိုတော့ တရုတ်ကကြားဝင်စေ့စပ်ထားလို့ပါ။ တိုက်ပွဲတွေပြန်စရင် စတဲ့ဘက်ကိုတရုတ်ကအရေးယူမှာပဲ။ ဒါပေမယ့်လဲ နှစ်ဖက်တင်းမာမှုတွေကတော့ လျော့သွားဖို့မရှိပဲတိုးလာဖို့ပဲရှိမယ်။ စစ်ကောင်စီဘက်က တရုတ်နဲ့ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ဖို့ အတွက် သူပေးလိုက်ရတဲ့မြို့တွေကို ပြန်လိုချင်နေတယ်။ လက်နက်လူသူအင်အားအလုံးအရင်းနဲ့ ပြန်တိုက်ရင်ရမယ်လို့ ထင်နေလားမသိဘူး။ မြောက်ပိုင်းသုံးဖွဲ့ဘက်ကလဲ သူတို့ကိုမကြာခဏ ရန်စနေတာကို ချုပ်တည်းသည်းခံနေရတယ်။ တိုက်ပွဲတွေ ပြန်စရင်လားရှိုးနဲ့ မူဆယ်လောက်ကတော့ အလွယ်တကူထပ်ရမယ်ဆိုတာ သူတို့သိတယ်။ အခြေအနေတွေက ဘယ်လိုဖြစ်လာမလဲဆိုတာတော့ ခန့်မှန်းလို့မရသေးပါဘူး။ အခုလောလောဆယ်တော့ စစ်ကောင်စီဘက်က လားရှိုးမြို့အဝင်လမ်းတွေကို ဖျက်စီးထားတယ်။ ထိုလမ်းတွေကို ဖျက်စီးနေတာဟာ တော်လှန်ရေးအဖွဲ့တွေအပေါ် အကျိုးသက်ရောက်မှာမဟုတ်ပဲ နေ့စဉ်သွားလာနေကြတဲ့ပြည်သူတွေကိုသာထိခိုက်စေတယ်။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...