စစ်ကောင်စီဟာ VPN တွေကို ပိတ်လိုက်ပြီးနောက် စစ်ကောင်စီလက်အောက်က စစ်သူပုန်တွေဟာ ပြည်သူတွေဖုန်းထဲမှာ VPN ရှိမရှိလိုက်လံစစ်ဆေးကာ ငွေညစ်နေပါတယ်။ အဓိကကတော့ သူတို့ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ မြို့ကြီးတွေမှာ VPNတွေ လိုက်စစ်နေတယ်။ မန္တလေးမြို့မှာဆိုရင် လမ်းသွားလမ်းလာတွေကို ပိတ်ဆို့တားဆီးကာ စစ်အုပ်စုက VPN အသုံးပြုခြင်း ရှိ၊ မရှိ လက်ကိုင်ဖုန်းတွေကို စစ်ဆေးသလို တချို့မြို့နယ်တွေမှာ နေအိမ်တွေအထိ ဝင်ရောက်ပြီး စစ်ဆေးကာ ငွေညှစ်နေတယ်။ ဖုန်းထဲမှာVPN တွေ့ရင် ငါးသောင်းကနေ နှစ်သိန်းအထိတောင်းတယ်။ ဒါလဲသူတို့အတွက် ငွေရှာနည်းတမျိုးပဲ။ ရန်ကုန်မှာလဲ မန္တလေးလောက်မဆိုးပေမယ့် တချို့နေရာတွေမှာ စစ်ဆေးငွေညစ်နေတယ်လို့ ကြားတယ်။
လမ်းမှာလိုင်စင်စစ်ရင်းနဲ့ VPN စစ်တာတောင်တော်တော်တရားလွန်နေပြီ။ ညဘက်ဧည့်စာရင်းစစ်သလိုနဲ့ ဖုန်းတွေယူစစ်တာကတော့ မတရားအနိုင်ကျင့်ရာကျလွန်းတယ်။ စစ်ကောင်စီ လက်ထက်မှာ ဘယ်ပြည်သူမှ မလုံခြုံတော့ပါဘူး။