မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးသူ ခုနစ်သန်းတိုးလာကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်ပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်း နှင့် အလုပ်လက်မဲ့ နှုန်းများဆက်လက်မြင့်တက်နေတာကြောင့် ဆင်းရဲမှုအခြေ အနေမှာ ပိုဆိုးနေဦးမှာပဲ။ ဒီနှစ်စမှာ လူဦးရေ၏ ၃၂ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးသည့် အခြေအနေကို ရောက်ရှိလာတယ်။ မြန်မာနိုင်ငံလူဦးရေကို ၅၄ သန်းကျော်ဟု သတ်မှတ်ထားသဖြင့် ၃၂ ရာခိုင်နှုန်းဆိုတာ လူဦးရေ ၁၇ သန်းကျော်ပါ။ စီးပွားရေးတိုးတက်မှုနှုန်းဟာလဲ ၁ ရာခိုင်နှုန်း အောက်သာရှိမယ်တဲ့။ အရပ်သားအစိုးရလက်ထက် ကိုဗစ်မဖြစ်ခင်က စီးပွားရေးတိုးတက်နှုန်း ၉ ရာခိုင်နှုန်းရှိခဲ့တယ်။ တိုင်းပြည်စီးပွားရေးကတော့ ထိုးကျဦးမှာပဲ။ ဒီနှစ်ထဲပိုဆိုးဦးမှာပဲ။ ဘာလို့လဲဆိုတော့စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် လူငယ်များ ပြည်ပနိုင်ငံများကို ထွက်ခွာသွားခဲ့ပြီး တိုင်းပြည်အတွင်း လူသားအရင်းအမြစ် ရှားပါးနေပြီ။ ဒါ့အပြင်တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးနှင့် ပြည်တွင်းကုန်စည်စီးဆင်းမှု ပြတ်တောက်သွားပြီ။ ယခင်နှစ် ကာလတူ ခြောက်လတာ နှင့် နှိုင်းယှဥ်ပါက ယခုနှစ် မတ်လအထိ နိုင်ငံတကာနှင့်ကုန်သွယ်ရေးတွင် ပို့ကုန် ၁၃ ရာခိုင်နှုန်းနှင့် သွင်းကုန် ၂၀ ရာခိုင်နှုန်း အထိကျဆင်းသွား တယ်တဲ့။ ပြည်တွင်းမှာ ကုန်ထုတ်လုပ်ဖို့က လျပ်စစ်မီးတွေလဲဆိုးရွားစွာပြတ်တောက်နေတယ်လေ။ အခြေအနေတွေကတော့ ရင်လေးစရာတွေချည်းပဲ။