စစ်ကောင်စီက နိုင်ငံခြားငွေမသုံးလို၍ ကုန်သွယ်ရေးမှာ ကုန်စည်ဖလှယ်စနစ်ကို ကုန်သည်တွေ အသုံးပြု နိုင်တယ်လို့ကြေညာလိုက်တယ်။ ကုန်သွယ်ဖက်နှစ်နိုင်ငံကြား ကုန်ပစ္စည်းချင်းအပြန်အလှန် ဖလှယ်သည့် ကုန်သွယ်မှုစနစ်ကျင့်သုံးသဖြင့် နိုင်ငံခြားငွေပြန်လည်ရရှိမှု ကင်းလွတ်ခွင့်နှင့် သွင်းကုန်တန်ဖိုးအတွက် နိုင်ငံခြားငွေပေးခြင်းမှ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း စစ်ကောင်စီကပြောသေးတယ်။ စစ်ကောင်စီက ထိုစနစ်ကို အသုံးပြုလိုသော်လည်း ကုန်သွယ် ဖက်နိုင်ငံလက်ခံမှသာလျှင် ယင်းစနစ်အသက်ဝင်မှာပါ။ ဒါက ကျောက်ခေတ်စီးပွားရေးစနစ်ပဲ။ စစ်ကောင်စီက ခေတ်နောက်ပြန်ဆွဲနေတယ်။ ဒီခေတ်ကုန်သည် တွေ အသုံးပြုချင်မှာမဟုတ်ဘူး။ အဲ့ဒီတော့အောင်မြင်မှာလဲမဟုတ်ဘူး။လက်ရှိမှာလဲ နယ်စပ် ကုန်သွယ်ရေးဂိတ်များဖြစ်သည့် မြဝတီကုန်သွယ်ရေးဇုန်၊ မူဆယ် ၁၀၅ မိုင်၊ ချင်းရွှေဟော် စခန်းများမှ ကုန်သွယ်ရေးရပ်တန့်နေတော့စစ်ကောင်စီမှာနိုင်ငံခြားငွေပြတ်လတ်နေတယ်။ ထိုအကျိုးဆက်ကြောင့် နိုင်ငံခြားငွေရှားပါးမှုနှင့် ကုန်ပစ္စည်းဈေးကြီးမြင့်မှုဒဏ်ကို ပြည်သူများ ခံစားနေရတယ်။
ဇန်နဝါရီ ၀၄၊ ၂၀၂၅။ (စနေ)
ဒီနှစ်ဆန်းပိုင်းကစပြီး ရန်ကုန်နဲ့မန္တလေးနေပြည်တော်မြို့ကြီးတွေအလှည့်ကျဝန်အားလျော့ ဓာတ်အားပေးမည့်အစီအစဥ်အသစ်တစ်ခုကို စစ်ကောင်စီကစတင်လိုက်ပါပြီ။ရန်ကုန်ကို လျှပ်စစ်မီးလေးနာရီလာ၊၈နာရီပျက်စနစ်နဲ့ဓာတ်အားပေးမှာဖြစ်ပြီး...