မြဝတီမြို့ကို တော်လှန်ရေးတပ်ပေါင်းစုတွေက သိမ်းပိုက်ဖို့လုပ်လာရင် ပြန်လည်တိုက်ခိုက်သွားရ လိမ့်မယ်လို့ BGF ခေါင်းဆောင်စောချစ်သူက မီဒီယာကနေ တရားဝင်ပြောလာတယ်။ ဒီစကားကို KNU ခေါင်းဆောင်တွေ ဘယ်လိုသဘောထားမှာလဲ။ ဗိုလ်ချစ်သူက သူ့ကိုယ်ကျိုးစီးပွားကို ထိခိုက်လာမယ်ဆို KNU လည်းမသိဘူး တော်လှန်ရေးလည်းမသိဘူး ရင်ဆိုင်တိုက်ခိုက်သွားမယ်လို့ စိန်ခေါ်လိုက်တာပဲ။ KNU ရဲ့ကရင်လူမျိုးအချင်းချင်းမတိုက်ခိုက်ရမူဟာ အလုပ်မဖြစ်ကြောင်းထင်ရှားသွားပါပြီ။ BGF ကိုမတိုက်ရင် KNU ဟာတော်လှန်ရေးကိုဆက်လုပ်လို့မရတော့ပါဘူး။ တနိုင်ငံလုံးမှာရှိတဲ့ နယ်စပ်ဒေသအားလုံးနီးပါးကို တော်လှန်ရေးတပ်ပေါင်းစုတွေက ထိန်းချုပ်ထားပြီး စစ်ကောင်စီကို ဗျူဟာကျကျ ပိတ်ဆို့ထားတဲ့ အချိန်မှာ တောင်ပိုင်းထဲ မြဝတီ ဘုရားသုံးဆူနယ်စပ်ဒေသတွေ အခုထိ ကိုယ့်ဘက်က မထိန်းချုပ်နိုင်သေးတာလည်း တော်လှန်ရေးရင်းမြစ်တွေ အများဆုံးအသုံးပြုထားတဲ့ဒေသတခုအနေနဲ့ဆို နှမျောဖို့ ကောင်းပါတယ်။ တိကျတဲ့နိုင်ငံရေးရည်မှန်းချက်မရှိနေပဲ စစ်ရေးတခုတည်းရှိနေယုံနဲ့ အဲဒီဒေသဟာ ဘယ်တော့မှ စစ်မှန်တဲ့လွတ်မြောက်မှု မရလာနိုင်ဘူးဆိုတာ KNU ခေါင်းဆောင်တွေ ပိုသိမှာပါ။ ဒါကြောင့် KNU ရဲ့ အနာဂတ် ကရင်ပြည်နယ်နဲ့ပတ်သက် နိုင်ငံရေးမျှော်မှန်းကို လူထုကို အသိပေးချိန် တန်လာပြီ ဖြစ်ပါတယ်။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...