စစ်ကောင်စီက တရုတ်အစိုးရပိုင် အဖွဲ့အစည်းတွေနဲ့အတူ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့အတွက် ဦးဆောင်ကော်မတီအဖွဲ့ကို ဖွဲ့စည်းလို့ ကြေညာလိုက်တယ်။ ကချင်ပြည်နယ်ထဲမှာ တလကျော်အတွင်း စခန်းပေါင်းရာကျော်သိမ်းပိုက်ခံထားရပြီး ကချင်ပြည်နယ်တခုလုံး အတိုင်းအတာနဲ့ KIA ထိုးစစ်ရင်ဆိုင် နေရတဲ့ စစ်ကောင်စီက ကချင်ထဲ စစ်ရှုံးတော့မှ မြစ်ဆုံပြန်စမယ်ဆိုတော့ ရယ်စရာကောင်းလွန်းနေတယ်။ ရခိုင်မှာလဲ AA ထိုးစစ် မြင့်တက်လာတော့ ရခိုင်စစ်ကို တရုတ်ကြားဝင် ညှိနှိုင်းပေးဖို့ ကျောက်ဖြူစီမံကိန်း ပြန်လည်စတင်နိုင်ဖို့ဆိုပြီး စာချုပ်ပြန်ချုပ်ပြီး တရုတ်ကိုဖားပြန်တယ်။ AA ထိုးစစ် ရပ်တန့်နိုင်မလား ဆိုပြီး ကျောက်ဖြူကို တရုတ်ထံ ထိုးကျွေးတဲ့အကွက်တွေပေါ့။ သူတို့ဘယ်လိုပဲလုပ်လုပ် ပြည်နယ်တခုလုံး ကို အပြည့်အဝသိမ်းပိုက်တော့မယ်လို့ ဆုံးဖြတ်ထားတဲ့ AA ၊ KIA တို့ကို ရပ်တန့်လို့ မရနိုင်တော့ပါဘူး။
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


