စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာတွေကြား လူမျိုးရေး မုန်းတီးမှုပြသာနာ ဖြစ်ပွားလာအောင် ဖန်တီးနေတယ်။ ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးပြီး အေအေ နဲ့ ဖြစ်တဲ့ တိုက်ပွဲတွေမှာ အသုံးချနေတယ်။ တိုက်ပွဲတွေမှာ ရိုဟင်ဂျာတွေ သေရင်ရခိုင်တွေသတ်တာပါ ဆိုပြီး ဝါဒဖြန့်နေတယ်။ စစ်ကောင်စီက သူတို့ဘက်ကဝင်တိုက်ပေးရင် နိုင်ငံသားခံယူခွင့်ပေးမယ်လို့ မက်လုံး ပေးထားတယ်။ ရိုဟင်ဂျာတွေကလဲ အမှတ်မရှိပဲစစ်ကောင်စီပေးတဲ့မက်လုံးကို ယုံစားနေတယ်။တဖက်မှာလဲ ဘူးသီးတောင်မြို့ကို စစ်သူပုန်တွေက မီးရှို့ပြီး ရိုဟင်ဂျာတွေရှို့တာပါ ဆိုပြီးဝါဒဖြန့် ထားတယ်။ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ အရှုံးကြီးရှုံးနေတာကြောင့် သူတို့အရှုံးသက်သာအောင် ရခိုင် နဲ့ ရိုဟင်ဂျာကို ရန်တိုက်ပေးနေတယ်။
အောက်တိုဘာ ၂၁၊ ၂၀၂၅။ (တနင်္လာ)
မြန်မာ-အိန္ဒိယ နယ်စပ် ကုန်သွယ်ရေးရဲ့ အဓိက လမ်းမကြီးတစ်ခုဖြစ်တဲ့...


