ချင်းပြည်နယ်မှာ မေလ၁၉ရက်နေ့က နယ်စပ်မြို့လေးဖြစ်တဲ့ ကျီခါးမြို့ကို သိမ်းပိုက်ပြီးနောက် ဒီနေ့မှာတော့ အနီးအနားက တွန်းဇံမြို့ကိုပါ ဆက်လက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ထိုမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃၀ ကျော်သေပြီး ၄၀ ကျော်ဖမ်းမိကာလက်နက်၁၀၀ ကျော်နဲ့ ငွေသိန်း၃၀၀၀ခန့် သိမ်းဆည်းရမိခဲ့တယ်။ လက်ကျန်စစ်သူပုန်တွေကတော့ တီးတန်မြို့ဘက်ကို ဆုတ်သွားခဲ့တယ်။ ချင်းတော်လှန်ရတပ်တွေဘက်လဲ၁၀ဦးခန့် ထိခိုက်ကျဆုံးခဲ့ရပါတယ်။ မြို့ကိုလက်လွတ်လိုက်ရတဲ့ စစ်ကောင်စီဟာ လေကြောင်းကနေဗုံးကြဲဖျက်စီးနေပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်ပေါင်း၅၀ခန့် ပျက်စီးသွားပါပြီ။ မြို့ပေါ်ကပြည်သူတွေနဲ့ အနီးဝန်းကျင်ကျေးရွာတွေက ပြည်သူတစ်သောင်းကျော် စစ်သူပုန်တွေရဲ့ လေကြောင်းရန်ကထွက်ပြေးတိမ်းရှာင်နေရတယ်။ မြို့တွေသိမ်းနိုင်ဖို့ အရှိန်ယူနေရတဲ့ ချင်းပြည်မှာတော့ တော်လှန်ရေးအဖွဲ့တွေက တစ်ပတ်အတွင်း မြို့၂မြို့အထိ သိမ်းယူနိုင်ခဲ့ပါပြီ။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...