ရွှေစျေးမြင့်တက်မှုနဲ့အတူ ဒေါ်လာစျေးတွေပါဆက်တိုက် မြင့်တက်လာလိုက်တာ အခုဆိုရင် တစ်ဒေါ်လာကို ၄၀၀၀ ကျော်သွားပါပြီ။ ၂၀၂၃ မေလမှာ ဒေါ်လာစျေး ၂၈၄၅ ကျပ်၊ အခု ၄၀၀၀ ကျပ်ဆိုရင် တနှစ်အတွင်း ငွေဖေါင်းပွမှုနှုံး ၄၀% တက်လာတယ်။ ဒီနှုံးအတိုင်းတက်နေရင် ၂၀၂၅ မေလ မှာ ဒေါ်လာစျေး ၆၂၀၀ နဲ့ ၉၀၀၀ ကျပ်ကြားအထိ တက်လာနိုင်တယ်။လက်ရှိ အခြေခံ ဝန်ထမ်းလစာတွေဟာ တလ ဒေါ်လာ ၅၀ လောက်ပဲရှိတော့တယ်။လူတဦးလုပ်အားခ တနေ့ တစ်ဒေါ်လာခွဲသာသာဝင်ငွေပေါ့။ ၂၀၂၅ မှာ တလ ဒေါ်လာ ၃၀ အထိဆင်းသွားမယ်။ တနေ့ စားဖို့ကလွဲရင် ကျန်းမာရေး ပညာရေးအတွက် လူထုဟာ ငွေမသုံးနိုင်တော့ဘူး။ လူတယောက်ရဲ့ဘဝဒုက္ခကို ဝင်ငွေက မထမ်းပေးနိုင်တော့ဘူး။ မွေးထားတဲ့ကလေးတွေ ဘယ်လို ပညာသင်ကြားပေးကြမလဲ။ ဓါတ်မြေဩဇာ၊ စက်သုံး၊ စားသုံးဆီ၊ ဆိုလာ၊ လျှပ်စစ်မီး၊ အိမ်ဆောက်ပစ္စည်း၊ လူမှုအသုံးအဆောင်၊ စစ်အသုံးအဆောင် အကုန်ဒေါ်လာနဲ့ ဝယ်တဲ့အခါ နယ်စပ်ကုန်သွယ်ရေးပျက်၊ စစ်ပွဲတွေဖြစ်နဲ့ဆို ငွေဖေါင်းပွတာဟာ ဆတိုးဖြစ်လာနိုင်တယ်။၂၀၀၀ ခုနှစ်တုန်းက ဇင်ဘာဘွေ၊ ၂၀၁၀ ခုနှစ်က ဗင်နီဇွဲလားတို့ဟာ ဒီလိုအခြေအနေကစတယ်။ ကိုယ့်နိုင်ငံအတွက် အတော်ရင်လေးတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


