ရခိုင်မြောက်ပိုင်းမြို့တွေ အားလုံးနီးပါးကို သိမ်းပိုက်ပြီးနောက်မှာ ရခိုင်တောင်ပိုင်းမှာလဲ တိုက်ပွဲတွေ ပြင်းထန်လာနေပါတယ်။ အထူးသဖြင့်သံတွဲမြို့နဲ့အမ်းမြို့မှာပေါ့။ သံတွဲမြို့ဆိုရင် ကမ္ဘာကျော်ငပလီ ကမ်းခြေရှိတဲ့ မြို့ဖြစ်ပြီး အရင်ကတိုက်ပွဲတွေ လုံးဝမဖြစ်ဖူးပါဘူး။ ဒီပုံစံအတိုင်းဆိုရင် ရခိုင်ပြည်နယ်မှာ တိုင်းစစ်ဌာနချုပ်ရှိတဲ့ အမ်းမြို့ကိုအရင်သိမ်းနိုင်မလား၊ မြို့တော်စစ်တွေကို အရင်သိမ်းနိုင်မလား လောင်းကြေးဖွင့်ရမယ့် အခြေအနေဖြစ်နေပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


