ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီဟု AA ကကြေညာလိုက်ပါတယ်။ ရခိုင်မြောက်ပိုင်းမှာ AA သိမ်းပိုက်ဖို့ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ စစ်တွေမြို့တို့သာ ကျန်နေပြီး ရသေ့တောင်မြို့ကို ပီးခဲ့တဲ့ မတ်လနှောင်းပိုင်းက သိမ်းယူပြီး နောက်တစ်လကျော်ကြာမှ အခုဘူးသီးတောင်မြို့ကို သိမ်းနိုင်ခဲ့တာပါ။ ဘူးသီးတောင်မြို့မှာ စစ်ကောင်စီရဲ့ ဗျူဟာဌာနချုပ်အပါအဝင် တပ်စခန်းအကြီးအသေးပေါင်းများစွာ ရှိနေလို့ AA အနေနဲ့ အချိန်ယူခဲ့ရတယ်။ ထိုမြို့ကိုသိမ်းပိုက်နိုင်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျောက်လုံးကို AA ကထိန်းချုပ်ခွင့်ရသွားတယ်။ အခုဆိုရင် ရခိုင်မြောက်ပိုင်းမှာ သိမ်းပိုက်စရာဆိုလို့ မြို့တော်စစ်တွေ တစ်ခုထဲသာ ကျန်ပါတော့တယ်။
ဧပြီ ၁၂၊ ၂၀၂၅။ (စနေ)
လားရှိုးမြို့မှာMNDAAက ဆုတ်ခွာပြီးစစ်ကောင်စီက ပြန်ထိန်းချုပ်မယ့်သတင်းကြောင့် မြို့ခံတွေစိုးရိမ်နေကြတယ်။စစ်ကောင်စီအုပ်ချုပ်ရေး ပြန်အသက်ဝင်လာရင်MNDAAနဲ့...