မြေပြန့်ဒေသမှာ ထိုးစစ်တွေစတင်တော့မယ်လို့ NUGကအသိပေးလိုက်တယ်။ ၁၀၂၇ စစ်ဆင်ရေးစပြီး နောက် ရှမ်းမြောက်၊ ရခိုင်၊ ကချင်၊ ကရင်စတဲ့ တိုင်းရင်းသားဒေသတွေမှာ နယ်မြေသိမ်းပိုက်နိုင်မှုတွေ၊ အောင်မြင်မှုတွေရရှိခဲ့ပေမယ့် မြေပြန့်ဒေသဖြစ်တဲ့ စစ်ကိုင်းနဲ့ မကွေးဒေသဟာ တိုးတက်မှုတွေ နှေးကွေးနေဆဲပါပဲ။ ထိုဒေသတွေမှာ EAO တွေမရှိပဲ NUG လက်အောက်ခံတပ်တွေနဲ့ ဒေသခံPDF တွေသာ စစ်ကောင်စီကို တော်လှန်နေကြတယ်။ ဒါ့အပြင်အဖွဲ့များစွာပြန့်ကွဲနေပြီး စုစည်းညီညွတ်မှုလဲ မရှိကြဘူး။ ဒါကြောင့်လဲ အခုချိန်ထိစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ခါးစည်းခံနေရဆဲပဲ။ ထိုဒေသက အဖွဲ့ပေါင်းများစွာကို NUGအနေနဲ့ထိထိရောက်ရောက် စုစည်းနိုင်စွမ်းမရှိသေးပါဘူး။ ဒီတော်လှန်ရေးရဲ့ အသက်ဟာတိုင်ရင်းသားဒေသနယ်မြေတွေပေါ်မှာ မူတည်မနေပဲ မြေပြန့်ဒေသကို စိုးမိုးနိုင်မှုအပေါ်မှာပဲ မူတည်နေတယ်။ မန္တလေး၊မုံရွာ၊မိထ္ထီလာစတဲ့ မြို့ကြီးတွေကိုရရှိနိုင်မှသာ တော်လှန်ရေးဟာ ပြတ်ပြတ်သားသားအနိုင်ရမှာပါ။ ဒါဟာလဲ NUG အပေါ်မှာ အဓိကမူတည်နေတယ်။ NUG ကအခုလိုထိုးစစ်တွေ မကြာခင်စတော့မယ်လို့ ပြောလိုက်ပြီဆိုတော့ သိပ်မကြာတော့ဘူးလို့ထင်တယ်။ ဒီမိုးရာသီအတွင်းမှာ စတင်နိုင်ရင်တော့အကောင်းဆုံးပေါ့။ ဒါမှဒီနှစ်ကုန်မှာအဖြူအမဲသဲကွဲသွားမှာလေ။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...