မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် တိုက်ပွဲပြန် PDF ရဲဘော်များအား ကြိုဆိုခဲ့သည့် ကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးဝင်ရှို့ပြီး ရွာသားလေးဦးအား သတ်ဖြတ် သွားပါတယ်။ ပြီးခဲ့တဲ့ ရက်တွေက မြင်းခြံမြို့နယ်၊ ဆုံရွာတိုက်ပွဲမှပြန်လာသော PDF ရဲဘော်များအား ပြည်သူများက ကြိုဆိုနေသည့် ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့တယ်။ထို ကျေးရွာဟာ မြင်းခြံမြို့နယ်၊ ရွာရှည်ရွာဟု စစ်ကောင်စီတပ်က သတင်းရပြီးနောက် မေလ ၁၃ ရက်နှင့် ၁၄ ရက်က နှစ်ရက်ဆက်တိုက် ဝင်ရောက်ပြီး ရွာလုံးကျွတ်မီးရှို့၍ ရွာသားလေးဦးအား သတ်ဖြတ်သွားတယ်။ သက်ကြီးရွယ်အိုတွေမို့ ဘာမှမလုပ်ပါဘူး ထင်ပြီး ရွာထဲကျန်နေခဲ့တဲ့ အဖိုး၊အဖွား လေးဦးကိုပါ စစ်သူပုန်တွေက သတ်ခဲ့တယ်။စစ်သူပုန်တွေဟာ PDFကို ငြှိုးပြီး PDF ကိုထောက်ခံတာ ရန်သူပဲလို့ သတ်မှတိထားတာလေ။ မီးရှို့သွားတဲ့ စစ်သူပုန်တွေဟာ အင်အား ၂၀၀ခန့်ပါရှိပြီး ကျေးရွာမီးရှို့စဥ် ဒေသတွင်း PDF များကလည်း ခုခံတိုက်ခိုက်ခဲ့ရာ စတင် ဝင်ရောက်သည့် မေလ ၁၃ရက် နံနက်ပိုင်းက ထိခိုက်မှုများ၍ ဆုတ်ခွာသွားခဲ့တယ်။ ဒါပေမယ့် မေလ ၁၄ ရက်မှာ စစ်ကောင်စီတပ်က နောက်တစ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ရေကြောင်းနှင့် ဒရုန်းများဖြင့်ပါ ပစ်ကူတိုက်ခိုက်ခဲ့၍ မဟာမိတ်တပ်ဖွဲ့များ ဆုတ်ခွာခဲ့ရတယ်။ အညာဒေသမှာ စစ်သူပုန်တွေက ရွာတွေကိုဖျက်စီးဖို့တက်လာရင် ပြန်လည်ခုခံနိုင်နေပြီဖြစ်ပေမယ့် အပြည့်အဝတော့ မကာကွယ်ပေး နိုင်သေးပါဘူး။
နိုဝင်ဘာ ၁၁၊ ၂၀၂၅။ (အင်္ဂါ)
တနိုင်ငံလုံးကစစ်မျက်နှာအားလုံးနီးပါးမှာအသာစီးရနေပေမယ့်စစ်ကော်မရှင်တပ်တွေရှေ့တိုးလို့မရသေးတဲ့စစ်မျက်နှာဒေသတစ်ခုတော့ရှိပါသေးတယ်။ထိုဒေသကတော့ရခိုင်ပြည်နယ်ပါပဲ။ရခိုင်ပြည်နယ်ထဲကကျောက်ဖြူမြို့နယ်နဲ့ရခိုင်နဲ့ပြည်ပအစပ်ကဒေသတွေမှာတိုက်ပွဲတွေပြင်းထန်နေတာကြာပါပြီ။စစ်ကော်မရှင်ကအကြိမ်ကြိမ်ထိုးစစ်ဆင်နေပေမယ့်မအောင်မြင်ပဲတပ်လန်ကျနေတယ်။အချို့ကပစစက်ရုံတွေအနီးအထိတောင်အေအေတပ်တွေရောက်ရှိနေတာကြောင့်စစ်ကော်မရှင်ကအပြင်းအထန်ကာကွယ်နေရတယ်။ စစ်ကော်မရှင်ဟာရခိုင်တောာင်ပိုင်းမြို့နယ်သုံးခုကိုရွေးကောက်ပွဲကျင်းပမယ့်စာရင်းထဲထည့်ထားတာကြောင့်ပြန်လိုချင်နေတယ်။အေအေထိန်းချုပ်ထားတဲ့ထိုမြို့တွေကိုကုန်းလမ်းကနေစစ်ကြောင်းထိုးနေတာမအောင်မြင်တာကြောင့်ရွေးကောက်ပွဲမတိုင်မီပြန်ရဖို့ကမဖြစ်နိုင်သလောက်ပါပဲ။


