မြန်မာနိုင်ငံအလယ်ပိုင်း၊ မြေလတ်ဒေသမှာ စစ်ကောင်စီဟာ အရပ်သားတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဆက်တိုက်ဆိုသလို ကျူးလွန်နေပါတယ်။ အခုလဲ မန္တလေးတိုင်းမြင်းမူမြို့နယ် လက်ထုတ္တော ကျေးရွာကို မေလ ၁၁ ရက်နေ့မနက်မှာ စစ်ကောင်စီစစ်ကြောင်းတွေ ဝင်ရောက်ပစ်ခတ်ချိန်မှာ ဘုန်းကြီး ကျောင်းထဲဝင်ပုန်းနေတဲ့ အရပ်သား ၃၁ ယောက်ကို ခေါ်ထုတ်ပြီး သတ်ဖြတ်သွားပါတယ်။ ထိုစစ်ကြောင်းဟာ တိုက်ပွဲမရှိပဲ စစ်ကြောင်းထိုးလာတာဖြစ်ပြီး ရွာထဲစဝင်ကတည်းက လက်နက်ကြီးတွေရော လက်နက် ငယ်တွေ ရော မပြတ်တမ်းပစ်တယ်။ ထိုသို့ပစ်တဲ့အတွက်ကြောင့် ပြည်သူတွေက ရှောင်ကြတိမ်းကြရင်းနဲ့ တချို့က ဘုန်းကြီးကျောင်းတွေထဲ ရှောင်ကြ ပြေးကြရင်း ဘုန်းကြီးကျောင်းတွေထဲကပြည်သူတွေကို ခေါ်ထုတ်ပြီး အမျိုးသားတွေကို အကုန်လုံးထိုင်ခိုင်းပြီး တစ်ယောက်မကျန် ပစ်သတ်သွားတာပဲ။ အသက်ရှင်ကျန်ခဲ့သူတွေရဲ့ အဆိုအရ စစ်ကောင်စီတပ်သားတွေဟာ အရပ်သားတွေကို မသေမချင်း ပစ်သတ်ခဲ့တာလို့သိရတယ်။ PDF တွေ ရှိတဲ့နေရာကိုမေးပြီး နေရာကိုတော့မသိပါဘူးလို့ ပြောလိုက်တဲ့အချိန်မှာ သူတို့ကို အကုန်ပစ်သတ်လိုက်တာ လို့ပြောပါတယ်။ ဒါ့အပြင်ဒေသခံ၂၀ဦးခန့်ကိုလဲ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသေးတယ်။ မြေလတ်ဒေသဟာ အခြားဒေသတွေလောက် အင်အားမပြည့်စုံသေးတော့ စစ်တပ်လုပ်သမျှခံနေရဆဲပဲ။
စက်တင်ဘာ ၀၁၊ ၂၀၂၄။ (တနင်္လာ)
အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ဆေးဝါးအပါအဝင်...