မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံဆိပ်ကမ်းအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ PDFတွေပီးခဲ့တဲ့ရက်က တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်။ ဆီမီးခုံဆိပ်ကမ်းဟာ ဧရာဝတီမြစ်ကမ်းဘေးက အရေးပါတဲ့ဆိပ်ကမ်းတစ်ခု ဖြစ်တာကြောင့် နှစ်ဖက်လုံးကထိန်းချုပ်နိုင်ဖို့ အပြိုင်ကြိုးစားခဲ့ကြတယ်။ ထိုတိုက်ပွဲတွေအတွင်း အနီးအနားကျေးရွာတွေက ကလေးငယ်တွေအပါအဝင် ဒေသခံ ၃၂ ဦးခန့်သေဆုံးခဲ့ရတယ်။ အဓိကသေဆုံးရခြင်း အကြောင်းကတော့ မြစ်ထဲကစစ်သင်္ဘောတွေနဲ့ မြစ်ကမ်းဘေးက စစ်တပ်စခန်းတွေက လက်နက်ကြီးတွေ အလွန်အကျွံပစ်ခတ်ခဲ့တာကြောင့်ပဲ။ စစ်တပ်ဘက်ကတော့ PDFတွေကြောင့် ပြည်သူတွေသေဆုံးတာလို့ သတင်းလွင့်နေတယ်။ PDFတွေကတော့ ပြည်သူတွေကို ပစ်ခတ်မှာမဟုတ်ပဲ စစ်တပ်ဘက်မှသာ ပြည်သူတွေကို အမြဲပစ်မှတ်ထားနေတာပါ။ မြင်းခြံမြို့ဟာ မန္တလေးတိုင်းထဲမှာ တော်လှန်အားကောင်းတဲ့ ဒေသဖြစ်တာကြောင့် စစ်ကောင်စီက ထိုဒေသကို PDFတွေ မစိုးမိုးနိုင်ရေး အသဲအသန်ကြိုးစားနေတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


