မကွေးတိုင်းဆောမြို့နယ်မှ အကြည်ပန်းရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၂၀ ဦးထက် မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ကျောင်းထိုင်ဆရာတော်လဲ ပါဝင်တယ်လို့ သိရတယ်။ မြေပြင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ရပ်ရွာကိစ္စအစည်းအဝေးလုပ်နေချိန်မှာ တိုက်ခိုက်ခံရတာကြောင့် လူအများအပြား ထိခိုက်သေဆုံးခဲ့ရတယ်။ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်တောင် ဘုန်းကြီးကျောင်းတည့်တည့် ကြဲချသွားတာဖြစ်ပြီး ကျောင်းဆောင်ထဲမှာ လူစုလူဝေးနဲ့ ရှိနေတဲ့အချိန်ကြီးကို ယုတ်မာစွာပြုလုပ်သွားတာပါ။ ဒီဖြစ်ရပ်ဟာ ဒီနှစ်အတွင်းမှာ ပထမဆုံး စစ်ကောင်စီရဲ့အစုလိုက်အပြုံလိုက် လူသတ်မှုကျူးလွန်ခြင်းပါ။ အရင်နှစ်တွေကလဲ ဒီလိုလုပ်ရပ်မျိုး စစ်တပ်က ကျူးလွန်နေကျပဲ။ သူတို့တိုက်ခိုက်ခဲ့သမျှ ပစ်မှတ်တွေအားလုံးဟာ တော်လှန်ရေးအဖွဲ့တွေကို ထိခိုက်ခြင်းမရှိပဲ ပြည်သူတွေသာသေဆုံးခဲ့ရတယ်။ ဒီအမျိုးယုတ်တွေမြန်မြန်ကျဆုံးပါစေ။
မေ ၀၄၊ ၂၀၂၅။ (တနင်္ဂနွေ)
စစ်ကိုင်းငလျင်ကြီးလှုပ်ပြီးတာ တစ်လကျော်ကြာခဲ့ပါပြီ။ဒီတစ်လအတွင်းမှာ ငလျင်ဒဏ်သင့် ပြည်သူတွေရဲ့နေထိုင်မှုဘဝအခြေအနေကတော့ တိုးတက်လာခြင်းမရှိသေးပါဘူး။အိမ်ပြိုသွားပြီး...