Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

“ဒီတော်လှန်ရေးကြီး ဘယ်တော့ ပြီးမလဲ၊ မြန်မလား၊ ကြာဦးမှာလား၊ ကျနော်တို့ ဘယ်တော့ အိမ်ပြန်နိုင်ကြမလဲ”

ဒီတော်လှန်ရေးရဲ့ အသက်၊ ဒီတော်လှန်ရေးရဲ့ အဆုံးအဖြတ်က “ပြည်သူ” လို့ ကျနော်တို့ ဆိုကြပါတယ်။ အမှန်ပါပဲ။

May 11, 2024
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

ကျနော် ခရီးတွေထွက်ရင်း သွားရင်း လာရင်းကော၊ အွန်လိုင်းကနေ တွေ့ခိုက်ကြုံခိုက်ကော ပြည်သူတွေ၊ တော်လှန်ရေးရဲဘော်ရဲဘက်တွေဆီကနေ အများဆုံး ကြားရလေ့ရှိတဲ့ မေးခွန်းတခု ရှိပါတယ်။ အဲ့ဒါက “ဒီတော်လှန်ရေးကြီး ဘယ်တော့ ပြီးမလဲ၊ မြန်မလား၊ ကြာဦးမှာလား၊ ကျနော်တို့ ဘယ်တော့ အိမ်ပြန်နိုင်ကြမလဲ” ဆိုတဲ့ မေးခွန်းပဲ။

ဒီမေးခွန်းနဲ့ပတ်သတ်ပြီး ကျနော့်ရဲ့ အဖြေ တနည်း အမြင်သဘောထားကို ပြည်သူလူထုနဲ့တကွ တော်လှန်ရေးတပ်ဦး တာဝန်ရှိသူများ၊ တော်လှန်ရေးအင်အားစုများကို ယခုစာနဲ့ တင်ပြလိုက်ရပါတယ်။

ဒီတော်လှန်ရေးရဲ့ အသက်၊ ဒီတော်လှန်ရေးရဲ့ အဆုံးအဖြတ်က “ပြည်သူ” လို့ ကျနော်တို့ ဆိုကြပါတယ်။ အမှန်ပါပဲ။ ဒီတော်လှန်ရေး ဒီအချိန်အတွင်းမှာ ဒီလောက်ထိ ခရီးပေါက်လာတာကလည်း ပြည်သူများရဲ့ ရုန်းကန်မှု၊ အားစိုက်မှု၊ ပူးပေါင်းမှု၊ ထောက်ခံမှုကြောင့်ပါပဲ။ NUG အပါအဝင် တော်လှန်ရေးအင်အားစုများဟာ ဘဏ္ဍာရေးကအစ၊ နိုင်ငံတကာ သံတမန်ရေး အလယ်၊ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ စစ်ရေးအဆုံး အစစအရာရာမှာ ပြည်သူကိုပဲ အားပြု၊ ရပ်တည်ပြီး တော်လှန်တိုက်ပွဲ ဆင်နွှဲနေကြရတာပါ။

အခုဆိုရင် ပြည်သူ့နွေဦးတော်လှန်ရေးကြီးဟာ အချိန်အားဖြင့် ၃ နှစ်ကျော်လို့ ၄ နှစ်အတွင်းကို ချဉ်းနင်းဝင်ရောက်ခဲ့ပါပြီ။ ဒီဖြတ်သန်းမှု၊ ဒီအချိန်ကာလကနေ ကျနော်တို့ ဘာကို ကောက်ချက်ချလို့ ရမလဲ၊ ဘာကို အနှစ်ချုပ်ကြည့်လို့ ရမလဲ။ အင်မတန် သေချာတာတခုကတော့ ဒီပွဲမှာ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ကျနော်တို့ ပြည်သူ့တော်လှန်ရေးကို အနိုင်ယူဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတာပါပဲ။ ဒင်းတို့စစ်အုပ်စုအနေနဲ့ အကြမ်းနည်း (စစ်ရေး) နည်းနဲ့ပဲဖြစ်စေ၊ အနုနည်း (အပျော့ဆွဲ၊ သပ်ရှို သွေးခွဲတဲ့ နိုင်ငံရေးနည်း) ပဲဖြစ်စေ၊ နှစ်နည်းလုံး တပြိုင်နက်ပဲသုံးသုံး ဒီတော်လှန်ရေးကို ဖြိုဖျက်နိုင်ဖို့၊ ရပ်တန့်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။

ဆိုတော့ ဒီပွဲမှာ ကျနော်တို့ ပြည်သူ့ဘက်က၊ အမှန်တရားဘက်က မုချ နိုင်ကို နိုင်မယ်ဆိုတာကို ရဲရဲကြီး ကောက်ချက်ချနိုင်ပါပြီ။ သို့သော် . . . ဒီနေရာမှာ ဒီသို့သော်က အတော်အရေးကြီးပါတယ်။

အခုချိန်မှာ ကျနော်တို့ တော်လှန်ရေး ဘယ်တော့ပြီးမလဲ၊ မြန်မလား နှေးမလားဆိုတဲ့ မေးခွန်းအတွက် အဖြေက စစ်အုပ်စုအပေါ်မှာ မူတည်နေတာ မဟုတ်တော့ပါဘူး။ ဒီအတွက် အဖြေက ကျနော်တို့ တော်လှန်ရေးအင်အားစုများ၊ တော်လှန်ရေးဘက်တော်သားများအပေါ်မှာပဲ လုံးလုံး မူတည်နေပါတယ်။ အထူးသဖြင့် ဒီတော်လှန်ရေးကြီးရဲ့ အရွေ့အဟုန်ဟာ တော်လှန်ရေးတပ်ဦးတာဝန်ကို

ထမ်းရွက်နေကြတဲ့ NUG အစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ EROs များ၊ CRPH ၊ NUCC အစရှိတဲ့ အဖွဲ့အစည်းတွေပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဒီအခြေအနေကို ကျနော့်ဇာတိမြေဖြစ်သလို ဒီတော်လှန်ရေးကာလမှာ ကျနော် အဓိက ကျင်လည်ဖြတ်သန်းဖြစ်တဲ့ အညာဒေသကိုပဲ အဓိက အခြေခံပြီး ပြောပါရစေ။

အညာမြေဟာ စစ်အာဏာရှင်များအပါအဝင် မြန်မာနိုင်ငံရဲ့ ဗဟိုအစိုးရအဆက်ဆက် အားကိုးအားထား ပြုခဲ့ကြရတဲ့ ဒေသကြီး ဖြစ်ပါတယ်။ ဒီနယ်မြေဟာ လူဦးရေ၊ သမိုင်းကြောင်း၊ ပထဝီတည်နေရာနဲ့ လူမှုစီးပွါး ဓနအင်အားတို့အရလည်း မြန်မာနိုင်ငံရဲ့ “ဗဟိုချက်နယ်မြေ” (Heartland Area) လို့ ဆိုစမှတ်ပြုကြပါတယ်။

အခုချိန်မှာ ကျနော်တို့ တော်လှန်ရေး ဘယ်တော့ပြီးမလဲ၊ မြန်မလား နှေးမလားဆိုတဲ့ မေးခွန်းအတွက် အဖြေက စစ်အုပ်စုအပေါ်မှာ မူတည်နေတာ မဟုတ်တော့ပါဘူး။ ဒီအတွက် အဖြေက ကျနော်တို့ တော်လှန်ရေးအင်အားစုများ၊ တော်လှန်ရေးဘက်တော်သားများအပေါ်မှာပဲ လုံးလုံး မူတည်နေပါတယ်။

ဗုဒ္ဓဘာသာဝင် ဗမာတိုင်းရင်းသားလူမျိုးအများစု မှီတင်းနေထိုင်ကြတဲ့ ဒီမြေပြန့်လွင်ပြင်ဒေသဟာ မြန်မာစစ်တပ် (ဗမာစစ်တပ်) အတွက် အားအထားရဆုံးသော စစ်သားရင်းမြစ်ဒေသကြီးလည်း ဖြစ်ပါတယ်။ အညာမြေမှာ မြန်မာစစ်တပ် တပ်ဖွဲ့ဝင် စစ်သား မရှိတဲ့ရွာဆိုတာ မရှိသလောက် ရှားပါတယ်။ စစ်ဗိုလ်၊ ဆရာဝန်၊ အင်ဂျင်နီယာဆိုတာမျိုးတွေက အညာသူ အညာသား အားလုံးလိုလို အခုံမင် အမက်မောဆုံး အလုပ်အကိုင်များပါပဲ။

ဒီအညာဒေသဟာ ယခင့်ယခင် နှစ်ပေါင်းများစွာကနေ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းတဲ့နေအထိ အစိုးရအဆက်ဆက် အပြည့်အအဝ ထိန်းချုပ်နိုင်ခဲ့တဲ့ နယ်မြေဒေသဖြစ်ပါတယ်။ အရင်က အညာပြည်သူတွေနဲ့ သေနတ်ဆိုတာက အဝေးမှ အဝေးကြီးပါ။ အညာမှာ လက်နက်ဆိုတာ တောတောင်ကောင်းကောင်း ကျန်တဲ့နေရာအနည်းငယ်မှာ တောလိုက်မုဆိုးတွေ သုံးကြတဲ့ လက်လုပ်တူမီးသေနတ်ကလွဲရင် ဘာဆိုဘာမှ မရှိခဲ့ပါဘူး။ အညာကျေးရွာတိုင်းမှာ အစိုးရတွေရဲ့ အရပ်ဘက်အုပ်ချုပ်ရေးယန္တရား လက်တံတွေ အပြည့်အဝ ပေါက်ရောက်ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေး အစရှိတဲ့ အစိုးရတွေရဲ့ လူမှုဝန်ဆောင်မှုလုပ်ငန်းတွေကလည်း

(အရည်အသွေးကော အရေအတွက်အရပါ ပြည့်မီမှု မရှိပေမယ့်) နယ်မြေအားလုံးလောက်ကို လွှမ်းခြုံမှု ရှိပါတယ်။ ဒါတွေက ၂၀၂၁ စစ်အာဏာသိမ်းမှု မတိုင်ခင်က အညာမြေရဲ့ အခြေအနေတွေပါ။

အခု ပြည်သူ့နွေဦးတော်လှန်ရေးကြီး ၃ နှစ်ကျော်လာတဲ့ အချိန်မှာတော့ ယခင်နဲ့ ယခုနဲ့က မိုးနဲ့မြေလို ကွာခြား၊ ပြောင်းလဲသွားခဲ့ပါပြီ။ ယနေ့ အညာမြေဟာ အကြမ်းဖက် အာဏာသိမ်း စစ်အုပ်စုကို အပြင်းထန်ဆုံး ဆန့်ကျင်တွန်းလှန်နေကြပါတယ်။ အညာက ပြည်သူလူထုတရပ်လုံးဟာ ဒီတော်လှန်ရေးကြီးထဲမှာ အကုန်သိမ်းကြုံး၊ ပုံအောပြီး ထည့်ဝင် ဆင်နွှဲနေကြပါတယ်။ အညာတခွင်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အရပ်ဖက်အုပ်ချုပ်ရေးယန္တရားဆိုတာ မြို့ပေါ်ကွက်ကွက်လောက်ကလွဲရင် လုံးဝ မရှိသတော့ပါဘူး။ အလားတူပဲ အစိုးရတရပ်အနေနဲ့ စစ်အုပ်စုက တရားဝင် ပေးနေတဲ့ လူမှုဝန်ဆောင်မှုလုပ်ငန်းဆိုတာလည်း မြို့ပေါ်တောင်မှ ကွက်တိကွက်ကျားပဲ ရောက်ပါတော့တယ်။

အညာမှာ လက်နက်ကိုင်နိုင်တဲ့ အသက်အရွယ်ရှိသူ လူငယ်လူရွယ်တိုင်းလိုလိုက PDF ပကဖ အစရှိတဲ့ တော်လှန်ရေး ရဲဘော်တွေ ဖြစ်ကြပါတယ်။ ပြည်သူတိုင်းကလည်း တော်လှန်ရေးမှာ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲတွေမှာ တနည်းမဟုတ် တနည်းနဲ့ ပါဝင်နေကြပါတယ်။ အညာပြည်သူလူထုတရပ်လုံးဟာ အကြမ်းဖက်စစ်အုပ်စုကို အလွန်ပဲ မုန်းတီးစက်ဆုတ်ကြသလို NUG အစိုးရကို အားကိုး၊ ယုံကြည်ကြပါတယ်။ အညာကျေးရွာတိုင်းလိုလိုမှာ NUG အစိုးရရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ ဖွဲ့စည်းထားရှိပြီး ကျေးရွာကို စီမံအုပ်ချုပ်ကြပါတယ်။ ဒေသကာကွယ်ရေး၊ တိုက်ခိုက်ရေးအတွက် PDF တပ်ရင်းတပ်ဖွဲ့တွေ ရှိတယ်။ ရဲလုပ်ငန်းတာဝန် ဆောင်ရွက်ရတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)တွေလည်း မြို့နယ်အဆင့်မှာ (အချို့နေရာတွေမှာ ကျေးရွာအဆင့်ထိ) ဖွဲ့စည်းထားကြတယ်။

စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ တရားရေး အစရှိတဲ့လူမှုဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်း NUG အစိုးရရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနက မြို့နယ်အဆင့် အဖွဲ့အစည်းတွေရဲ့ဒီမှာ အဓိက တင်ပြလိုတဲ့အချက်က လာပါပြီ။ တော်လှန်ရေးက အချိန်ကြာလာတာနဲ့အမျှ တော်လှန်ရေးအင်အားစုများရဲ့ ကျင့်ဝတ်စည်းကမ်းပိုင်း အားနည်းလျော့ရဲမှု၊ ဖောက်လွဲဖောက်ပြန်မှုတွေက ပိုပို ဆိုးဝါးလာကြတယ်ဗျာ။ အလားတူပဲ တော်လှန်ရေး အင်အားစုတွေနဲ့ အစုအဖွဲ့ ယန္တရားတွေရဲ့ အဖွဲ့အစည်းပိုင်း ပုံမကျမှုတွေ၊ ခိုင်မာတောင့်တင်းမှု မရှိမှုတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးပြဿနာတွေကလည်း ပိုပို ထင်ရှားပေါ်လွင်လာတယ်ဗျာ။ ဒီနေရာမှာ ကျနော် သုံးတဲ့ တော်လှန်ရေးအင်အားစုတွေဆိုတာက ပအဖ၊ ပကဖ၊ ပလဖ၊ PDF, LDFs , လူထုသပိတ်တိုက်ပွဲကဏ္ဍ စသဖြင့် အားလုံးအားလုံးကို လွှမ်းခြုံဆိုလိုတာပါ။

အညာမှာ လက်နက်ကိုင်နိုင်တဲ့ အသက်အရွယ်ရှိသူ လူငယ်လူရွယ်တိုင်းလိုလိုက PDF ပကဖ အစရှိတဲ့ တော်လှန်ရေး ရဲဘော်တွေ ဖြစ်ကြပါတယ်။ ပြည်သူတိုင်းကလည်း တော်လှန်ရေးမှာ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲတွေမှာ တနည်းမဟုတ် တနည်းနဲ့ ပါဝင်နေကြပါတယ်။ အညာပြည်သူလူထုတရပ်လုံးဟာ အကြမ်းဖက်စစ်အုပ်စုကို အလွန်ပဲ မုန်းတီးစက်ဆုတ်ကြသလို NUG အစိုးရကို အားကိုး၊ ယုံကြည်ကြပါတယ်။

အထူးအားဖြင့်တော့ ပြည်သူ့အားကိုးယုံကြည်မှု မြင့်မားသလို ယူထားရတဲ့ တာဝန်တွေက ကြီးမားလှတဲ့ NUG အစိုးရက မြေပြင်မှာ ဖွဲ့စည်းတာဝန်ပေးအပ်ထားတဲ့ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးကဏ္ဍက လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေအကြောင်း တင်ပြဆွေးနွေးလိုပါတယ်။ ပအဖ၊ ပကဖ၊ ပလဖ နဲ့ PDF များပေါ့။ ဒီလိုပြောတော့ NUG အောက်မှာ မရှိတဲ့ Local လက်နက်ကိုင်အဖွဲ့အစည်း LDFs တွေနဲ့ လူထုသပိတ်တိုက်ပွဲသမားတွေလည်း ပြဿနာ မရှိတာ မဟုတ်ပါဘူး။ အချို့နေရာတွေမှာ Local အဖွဲ့တွေရဲ့ ပြဿနာက ပိုတောင် ဆိုးရွားပြင်းထန်ပါသေးတယ်။ ကျနော့်ရဲ့ တကိုယ်ရည် အတွေ့အကြုံအရပြောရရင် Local လက်နက်ကိုင်အဖွဲ့တွေရဲ့ အလွဲအမှား ပြဿနာ ကြုံတွေ့ရမှုကလည်း NUG အောက်က အဖွဲ့တွေနဲ့ ပိန်မသာ လိမ်မသာပါပဲ။

နောက်ပြီး အနည်းငယ်မျှသော အင်အားကြီး အဖွဲ့အချို့ကလွဲရင် ယခု အညာမှာ Local အဖွဲ့စစ်စစ်ဆိုတာကလည်း နည်းသထက် နည်းလာနေပါပြီ။ ဒါကလည်း တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ ရေရှည်ရပ်တည်ဖို့အရေး ငွေကြေး၊ လက်နက် လိုအပ်ချက်တွေ ရှိလာတာ၊ အညာ ပြည်သူလူထုက NUG အစိုးရကိုသာ ထောက်ခံယုံကြည်မှု မြင့်မားတာတွေနဲ့လည်း သက်ဆိုင်ပါတယ်။ အချို့သော Local အဖွဲ့တွေကလည်း အချိန်ကာလရဲ့ တိုက်စားမှုဒဏ်ကြောင့် ပျောက်ကွယ်သွားကြတာ၊ သို့မဟုတ် ပေါင်းစည်းသွားကြတာတွေလည်း ရှိသလောက် ရှိပါတယ်။

ယနေ့ချိန်မှာ ယခင် Local အဖွဲ့တွေဟာ ကျေးရွာအဆင့်၊ တိုက်နယ်အဆင့် ပကဖ/ပလဖ ဖြစ်သွားကြတာ၊ PDF တပ်ရင်းတွေ၊ တပ်ခွဲတွေ ဖြစ်သွားကြတာ များပါတယ်။ အဲ့ဒီမှာလည်း ကိစ္စတခုက ထပ်ရှိလာပါတယ်။ အဲ့ဒီလို Local ကနေမှ NUG ကွပ်ကဲမှုအောက်မှာ ပကဖ/ပလဖ/PDF ဖြစ်သွားကြပေမယ့် ကိုယ့်ရဲ့ မူလရှိပြီး Local အမည်တို့၊ Facebook Page တို့ကို ဆက်ပြီးတော့ အသုံးပြုကြ၊ သတင်းထုတ်ကြ၊ အလှူခံကြလေ့ ရှိပါတယ်။ (မှတ်ချက်။ တခုသတိပြုဖို့က MOD-NUG

အထူးသဖြင့် အမှတ် (၁) စစ်ဒေသကွပ်ကဲမှုအောက်က လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို သီးခြား အလှူခံ၊ ရန်ပုံငွေရှာဖွေတာမျိုး၊ သတင်းထုတ်ပြန်တာမျိုးကို မူအရ တားမြစ်ထားတယ်လို့ ဆိုပါတယ်) ဒါကလည်း တဖက်ကကြည့်ရင် သဘာဝကျသလို ဖြစ်နေပြန်ပါတယ်။ ဒီတော့ ဒီအခြေအနေကို မသိဘဲ ရုတ်တရပ် ကြည့်ရင် အညာမှာ လက်နက်ကိုင်အဖွဲ့တွေ အမည်နာမတွေက များပြားလွန်းပြီး ဖောင်းပွနေသလို ထင်ကြပါလိမ့်မယ်။

အရင် Local အဖြစ်ကနေမှ ပကဖ/ပလဖ/PDF ဖြစ်လာတဲ့ အဖွဲ့အချို့မှာ ကြုံရလေ့ရှိတဲ့ နောက်ထပ် ပြဿနာတခု ရှိပြန်ပါတယ်။ သူတို့နဲ့ ပြည်သူနဲ့ ပွတ်တိုက်မှု ဖြစ်တာ၊ သို့မဟုတ် တခုခု အလွဲအမှား လုပ်တာမျိုးရှိလို့ ပြည်သူက တိုင်တန်းတော့မယ်၊ အထက်အဆင့် တာဝန်ရှိသူတွေက အရေးယူကြပ်မတ်တော့မယ်ဆိုရင်တော့ သူတို့သည် NUG အောက်က မဟုတ်ပါ၊ Local အဖွဲ့အစည်းပါဆိုတာမျိုးလည်း ဖြစ်သွားတတ်ကြပါသတဲ့။ အညာမှာတော့ ဒါမျိုးကို “နှစ်သီးစား၊ သုံးသီးစား” လို့ ခေါ်ကြပါသတဲ့။ လိုအပ်ရင် NUG ရဲ့ အထောက်အပံ့နဲ့ အရှိန်ဩဇာကိုလည်း တဖက်က ယူထားတယ်၊ အခြားဘက်မှာတော့ အခြားအမည်၊ ပုံစံတမျိုးနဲ့ လှုပ်ရှားတယ်။ မလိုအပ်တဲ့အခါလည်း Local ပေါ့လေ။

အရင် Local အဖြစ်ကနေမှ ပကဖ/ပလဖ/PDF ဖြစ်လာတဲ့ အဖွဲ့အချို့မှာ ကြုံရလေ့ရှိတဲ့ နောက်ထပ် ပြဿနာတခု ရှိပြန်ပါတယ်။ သူတို့နဲ့ ပြည်သူနဲ့ ပွတ်တိုက်မှု ဖြစ်တာ၊ သို့မဟုတ် တခုခု အလွဲအမှား လုပ်တာမျိုးရှိလို့ ပြည်သူက တိုင်တန်းတော့မယ်၊ အထက်အဆင့် တာဝန်ရှိသူတွေက အရေးယူကြပ်မတ်တော့မယ်ဆိုရင်တော့ သူတို့သည် NUG အောက်က မဟုတ်ပါ၊ Local အဖွဲ့အစည်းပါဆိုတာမျိုးလည်း ဖြစ်သွားတတ်ကြပါသတဲ့။ အညာမှာတော့ ဒါမျိုးကို “နှစ်သီးစား၊ သုံးသီးစား” လို့ ခေါ်ကြပါသတဲ့။

အခု အညာတခွင်မှာ ဒီ တော်လှန်ရေးအဖွဲ့အစည်း ယန္တရားတွေနဲ့ သက်ဆိုင်ရာ ပြည်သူလူထုအကြားက အဆင်မပြေမှု၊ ပွတ်တိုက်မှုတွေကို ကျနော် ရောက်ဖြစ်သမျှ နေရာတိုင်းလိုလိုမှာ ကြားရ၊ မြင်ရ၊ သိရပါတယ်။ အတော်လည်း စိတ်ညစ်စရာ ကောင်းတယ်ဗျာ။ အဆိုးဆုံးကတော့ အချို့နေရာတွေမှာ အချို့သော ပြည်သူတွေက “NUG ပအဖ၊ ပကဖ တွေကလည်း မစွံပါဘူး၊ စစ်ကောင်စီနဲ့

မထူးပါဘူးကွာ” လို့ ပြောတဲ့ အသံမျိုးထိ တစွန်းတစ ကြားလာရတယ်ဗျာ။ ဒါက တော်လှန်ရေးအတွက် အတော်ကို အန္တရာယ်ကြီးတယ်ဗျို့။

ပြည်သူလူထုအနေနဲ့ကတော့ သူတို့တွေ နိစ္စဓူဝ ထိတွေ့ဆက်ဆံရတဲ့ ကျေးရွာအဆင့်၊ တိုက်နယ်အဆင့်၊ မြို့နယ်အဆင့် ပအဖ၊ ပကဖ၊ ပလဖ အဖွဲ့တွေရယ်၊ သူတို့ရှေ့မှာ မြင်တွေ့နေရတဲ့ PDF တွေ၊ ပအဖ ပကဖ ပအဖ တွေကိုပဲ ကြည့်ပြီး NUG ကို အကဲဖြတ်၊ အမှတ်ပေးကြမှာပါပဲ။ ဒါက အလွန်ပဲ သဘာဝကျပါတယ်။ ဆိုတော့ ဒေသန္တရအဆင့် အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်ချက်တွေက တော်လှန်ရေးအတွက်ကော NUG အစိုးရအတွက်ပါ အလွန်ပဲ အရေးကြီးလှပါတယ်။

NUG အစိုးရရဲ့ အထက်အဆင့်ဆင့်သော တာဝန်ရှိသူများ၊ ဆုံးဖြတ်ချက် ချမှတ်နိုင်သူများအနေနဲ့ ဒီမြေပြင် ဒေသန္တရအဆင့်က ပြဿနာများ၊ ကိစ္စရပ်များကို လျော့မတွက်ကြစေချင်ပါဘူး။ ကျနော်တို့ အားလုံးဟာ တော်လှန်ရေး အစအဦးကာလကနေ အခုချိန်ထိ “ပြည်သူသာ အဓိက”၊ “တော်လှန်ရေးရဲ့ အဆုံးအဖြတ်က ပြည်သူ” ဆိုတဲ့စကားတွေကို ဂါထာလို ရွတ်ဖတ်နေကြပါတယ်။ ဒါကို အမှန်တကယ် လက်ခံယုံကြည်တယ်ဆိုရင် ပြည်သူလူထုက တော်လှန်ရေးအပေါ် ငြိုငြင် စိတ်ကုန်လာတာ၊ တော်လှန်ရေးနဲ့ ကင်းကွာလာတာမျိုး လုံးဝ အဖြစ်ခံလို့ မရပါဘူး။

သက်ဆိုင်ရာ တာဝန်ရှိများအနေနဲ့ ဒေသန္တရအဆင့်က အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို ကောင်းကောင်းကြီး ကြပ်မတ်ထိန်းကြောင်းဖို့ အထူးအရေးကြီးနေပါပြီ။ “ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ” ဆိုသလိုပဲ လိုအပ်သလို အပြစ်ပေး အရေးယူမှုများလည်း ခပ်နာနာလေး လုပ်ချိန် တန်ပါပြီ။ ကျနော်ရဲ့ အတွေ့အကြုံအရပြောရရင် အခုကာလမှာ ပြည်သူလူထုအနေနဲ့ ကိုယ့်တော်လှန်ရေးအင်အားစုများဘက်က အလွဲအမှားတွေ၊ မတော်မတရားမှုပြုတွေကို အထက်တာဝန်ရှိသူတွေကို တိုင်ကြားဖို့ဆိုတာ အတော်ကို ဝန်လေးကြ၊ ခက်ခဲကြပါတယ်။ အဲ့လို တိုင်ကြားဖို့ ဝန်လေး၊ တွန့်ဆုတ်ကြတဲ့ အကြောင်းရင်းတွေကို ကြည့်မယ်ဆိုရင်

– ကိုယ့်တော်လှန်ရေးရဲ့ ပုံရိပ်၊ ကိုယ့် NUG အစိုးရရဲ့ ပုံရိပ်ကို မထိခိုက်စေချင်တာ၊
– တော်လှန်ရေးကာလ ဖြစ်တာနဲ့အညီ တိုင်ချင်တယ်ဆိုရင်တောင် ဘယ်သူ့ကို၊ ဘယ်ကနေ၊ ဘယ်လို တိုင်တန်းရမယ်ဆိုတာ နားမလည်၊ မသိရှိကြတာ၊
– ကြောက်ကြတာ။ ဟုတ်ပါတယ်၊ တကယ် ကြောက်ကြတာပါ။

တိုင်တန်းလိုက်လို့ အထက်က အရေးယူဖို့ဆိုတာက သိပ်မသေချာဘူး၊ သေချာတာက အတိုင်ခံရတဲ့ ပအဖ၊ ပကဖ၊ ပလဖ၊ PDF တွေက အဲ့ဒီတိုင်တဲ့သူအပေါ် အမြင် လုံးဝ မကြည်တော့ပါဘူး။ အားလုံးလိုလိုကလည်း အတို အရှည် ဗျောက်တွေနဲ့မို့ လက်နက်မဲ့ ပြည်သူခမျာ တကယ် ကြောက်ကြရပါတယ်။

ဒါ့ကြောင့် အထက်အဆင့်ဆင့် တာဝန်ရှိသူများအနေနဲ့ မိမိတို့ ဖွဲ့စည်းတာဝန်ပေးအပ်ထားတဲ့ မြေပြင်က အဖွဲ့အစည်း ယန္တရားများကို အကောင်းဆုံးဖြစ်အောင် ထိန်းကျောင်း၊ တည့်မတ်၊ တည်ဆောက်ဖို့ အလွန်အရေးကြီးလာပါပြီ။ အမြဲတမ်း ပြောနေရတဲ့ COC ၂ ရပ်ပေါ့ဗျာ။ အမိန့်ပေးကွပ်ကဲအုပ်ချုပ်မှုစနစ် (Chain of Command) နဲ့ ကျင့်ဝတ်စည်းကမ်း (Code of Conduct) ကောင်းမွန်၊ မှန်ကန်၊ တည့်မတ်တဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များဖြစ်အောင် တည်ဆောက်ကြဖို့ပါပဲ။

သက်ဆိုင်ရာ တာဝန်ရှိများအနေနဲ့ ဒေသန္တရအဆင့်က အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို ကောင်းကောင်းကြီး ကြပ်မတ်ထိန်းကြောင်းဖို့ အထူးအရေးကြီးနေပါပြီ။ “ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ” ဆိုသလိုပဲ လိုအပ်သလို အပြစ်ပေး အရေးယူမှုများလည်း ခပ်နာနာလေး လုပ်ချိန် တန်ပါပြီ။

ကျနော်တို့ NUG တော်လှန်ရေးအစိုးရအနေနဲ့ ကိုယ့်ရဲ့ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ဘဏ္ဍာရေး၊ လူမှုဝန်ဆောင်ရေးအစရှိတဲ့ ကဏ္ဍအလိုက် အဖွဲ့အစည်း ယန္တရားတွေကို မူဝါဒအရကော လက်တွေ့မြေပြင်မှာပါ ဘယ်လောက်ထိ အကောင်းဆုံး တည်ဆောက်နိုင်မလဲဆိုတာသည် ဒီတော်လှန်ရေး ဘယ်တော့ပြီးမလဲဆိုတာကို အဓိက အဆုံးအဖြတ် ပေးသွားပါလိမ့်မယ်။

ကျနော်တို့ ပြည်သူ့တော်လှန်ရေးကြီး မြန်မလား၊ နှေးမလားသည် ကျနော်တို့ တော်လှန်ရေးအစိုးရနဲ့တကွ တော်လှန်ရေးအင်အားစုများအားလုံး ကိုယ့်ကိုယ်ကိုယ်၊ ကိုယ့်အဖွဲ့အစည်း ယန္တရားတွေကို ဘယ်လောက်ထိ အကောင်းဆုံးဖြစ်အောင် တည်ဆောက်နိုင်မလဲဆိုတဲ့အပေါ်မှာ အများကြီး မူတည်နေပါပြီ။

ကျနော်တို့တွေ အချိန်မီအတွင်းမှာ အကောင်းဆုံးဖြစ်အောင် တည်ဆောက်ပြုပြင်နိုင်တယ်ဆိုရင် ဒီတော်လှန်ရေးဟာ “တာလတ်” အတွင်းမှာ အောင်ပွဲဆင်နိုင်ပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ ဆိုးသထက်

ဆိုး၊ ပျက်သထက် ပျက်သွားရင်ဖြင့် ပြည်သူက တော်လှန်ရေးအပေါ်မှာ ပိုပြီး စိတ်ပျက်သွားပါလိမ့်မယ်။ ပြည်သူအများစုက တော်လှန်ရေးနဲ့ ကင်းကွာပြီး “ကြားနေ” တွေ ဖြစ်သွားပါလိမ့်မယ်။ အချို့တွေက “မထူးပါဘူးကွာ” ဆိုပြီး ရန်သူနဲ့ နီးစပ်သွားပါလိမ့်မယ်။ ဒါဆိုရင်တော့ ဒီတော်လှန်ရေးက “တာဝေး” ခရီး ဖြစ်သွားပါလိမ့်မယ်။ “ရွှေပြည်တော် မျှော်တိုင်းဝေး” ဖြစ်သွားပါလိမ့်မယ်။

ဆိုးသထက် ဆိုး၊ ပျက်သထက် ပျက်သွားရင်ဖြင့် ပြည်သူက တော်လှန်ရေးအပေါ်မှာ ပိုပြီး စိတ်ပျက်သွားပါလိမ့်မယ်။ ပြည်သူအများစုက တော်လှန်ရေးနဲ့ ကင်းကွာပြီး “ကြားနေ” တွေ ဖြစ်သွားပါလိမ့်မယ်။ အချို့တွေက “မထူးပါဘူးကွာ” ဆိုပြီး ရန်သူနဲ့ နီးစပ်သွားပါလိမ့်မယ်။ ဒါဆိုရင်တော့ ဒီတော်လှန်ရေးက “တာဝေး” ခရီး ဖြစ်သွားပါလိမ့်မယ်။ “ရွှေပြည်တော် မျှော်တိုင်းဝေး” ဖြစ်သွားပါလိမ့်မယ်။

တော်လှန်ရေးအစိုးရနဲ့တကွ တော်လှန်ရေးအင်အားစုများအားလုံး မိမိတို့ အဖွဲ့အစည်း ယန္တရားများကို သဘောတရားကော လက်တွေ့မြေပြင်မှာပါ အကောင်းဆုံးဖြစ်အောင် တည်ဆောက်နိုင်ကြပါစေသတည်း။ အရေးတော်ပုံ အောင်ရမည်။

( ဒေါက်တာတေဇာစန်း၏ ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာတွင် မူရင်း ဖော်ပြထားသည်အား တဆင့်ပြန်လည်ဖော်ပြပါသည်။ ဒေါက်တာတေဇာစန်းသည် ၂၀၂၁ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမှုကို မန္တလေးတွင် ပထမဆုံး ဦးဆောင်ခဲ့သည်။ အာဏာသိမ်း စစ်တပ်ကို ပြင်းပြင်းထန်ထန် တော်လှန်ပုန်ကန်နေသော အညာဒေသ အပါအဝင် နေရာအနှံ့အပြားသို့ ခရီးထွက်ပြီး စစ်ဘေးသင့် ပြည်သူများ၊ တော်လှန်ရေး အင်အားစုများနှင့်အတူ နေထိုင်နေသူလည်း ဖြစ်သည်။)

 

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English