စစ်မှုထမ်းဉပဒေဒုတိယအသုတ်အတွက် စစ်ကောင်စီကပြင်ဆင်နေရာမှာ လူစားထိုးတာတွေများလာ တယ်လို့ သတင်းတွေမှာဖတ်ရတယ်။ ရန်ကုန်ကျောက်တန်းမြို့က ရွာတွေမှာဆိုရင်လည်း စစ်မှုမထမ်းနိုင် ရင် တစ်အိမ်ကို ငါးသောင်းနှုန်းပေးရတယ်လို့ အမှန်တကယ်ပေးခဲ့ရသူနှစ်ယောက်က ကျွန်တော့်ကိုပြော ပြတာမို့အတော်အလေးဆိုးတဲ့အခြေအနေပါပဲ။ ဧရာဝတီတိုင်းထဲကရွာတွေမှာလည်း အတင်းအဓမ္မစစ်မှု ထမ်းဖို့လိုက်ခေါ်နေတာကြောင့် လူငယ်တွေပုန်းရှောင်နေကြရတယ်။ စစ်ကောင်စီအထိနာနေတဲ့အခုချိန် မှာ စစ်မှုထမ်းဖို့ပါသွားပြီဆိုရင်တော့ သေချာတယ် သေလူပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


