သတင်းအဆန်းလေးတစ်ခု ဒီနေ့ဖတ်လိုက်ရတယ်။ ဖတ်ပြီး ကြည်နူးမိတယ်။ ဝမ်းသာစရာသတင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကာလမှာ စစ်ကောင်စီနဲ့ပတ်သက်လို့အဆိုးမြင်သမျှအရာအားလုံးဟာ ကိုယ်တွေ အတွက်တော့ ဝမ်းသာစရာချည်းပဲ။ ကချင်ပြည်နယ် ၊ ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ ဝင် တစ်ဦးကို နပန်းလုံးထိုးသတ်အနိုင်ယူခဲ့တဲ့ KPF ရဲဘော်တဦးကို ဆုငွေကျပ် ဆယ်သိန်း ချီးမြှင့်ခဲ့တဲ့ သတင်းလေးပါ။ အသက် ၂၀ အရွယ်ရှိ RPG လက်နက်ကိုင်ဆောင်သူ KPF ရဲဘော် ဒီးဆာရ်းဟာ ရန်သူနဲ့ အနီးကပ်တွေ့ဆုံချိန်မှာ ဆုံးဖြတ်ချက်ပြတ်သားစွာနဲ့ ချက်ချင်းနပန်းလုံးပြီး သတ်ပုတ်အနိုင်ယူနိုင်ခဲ့ တယ် လို့ သတင်းမှာဖော်ပြတယ်။ ဒီလိုရဲဘော်တွေ ပြည်သူထဲမှာ အများကြီးရှိနေတာကိုသိတော့လည်း ဝမ်းသာ ရတယ်။ ပြည်သူတွေအတွက် သူတို့တွေဟာ တတ်စွမ်းသမျှ စစ်ကောင်စီကိုတွန်းလှန်ပေးမယ်လို့လည်း စိတ်ထဲက ယုံကြည်နေတယ်။
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


