အခုရက်ပိုင်း ကချင်တွေလက်စွမ်းပြနေတယ်။ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ရဲ့ စင်းခန်းကျေးရွာ စင်းခန်းဧရာဝတီမြစ်ကူးတံတား အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း ၅ ခုကို မေလ ၇ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်လိုက် တယ်လို့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)က အတည်ပြုတဲ့သတင်း ဖတ်ရပါတယ်။ စစ်ပွဲဆိုတော့ နှစ်ဖက်စလုံးနစ်နာတာရှိနိုင်ပေမယ့် စစ်ကောင်စီဖက်က အကျပိုများတာ ကို ပြည်သူတစ်ဦးပီပီဝမ်းသာကျေနပ်နေတယ်။ ရခိုင်မှာလည်း အေအေက လက်စွမ်းပြနေတယ်။ စစ်ကောင် စီအတွက် စစ်ပန်းချိန်ဖြစ်နေသလို သူတို့ရှုံးမဲမဲနေတာကိုလည်း ကွက်ကွက်ကွင်းကွင်းမြင်နေရတယ်။ နွေ ဦးတော်လှန်ရေးအောင်ပွဲအတွက် မကြာခင်ရောက်လာပါစေလို့ မျှော်လင့်မိနေတယ်။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...