ပြည်သူကိုရန်သူလိုဆက်ဆံနေတာဟာ ကမ္ဘာမှာ မြန်မာစစ်တပ်က အဆိုးဆုံးဖြစ်လိမ့်မယ်လို့ တစ်ထစ် ကျွန်တော်ယုံကြည်ထားတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေကို ဒုက္ခမျိုးစုံပေးပြီး အဖက်ဖက်ကနှိပ် ကွပ်နေတယ်။ ဖတ်မိတဲ့ သတင်းတစ်ပုဒ်ကတော့ ခံပြင်းစရာပဲ။ မွန်ပြည်နယ် ရေးမြို့နယ် ကော့ဒွတ်ကျေး ရွာအုပ်စု ကူးတို့ဆိပ်ရွာမှာ မေလ ၃ ရက်က စစ်ကောင်စီရဲ့ ကား ၃စီး မီးရှို့ခံရမှု အတွက် ဒေသခံတွေကို လျော်ကြေး ကျပ် သိန်း ၂၈၀ ပေးဖို့ စစ်တပ်ကတောင်းထားသတဲ့။ မပေးရင် ရွာကိုမီးရှို့မယ်လို့လည်း ခြိမ်းခြောက်ထားတယ်လို့ဆိုတယ်။ ဒေါသထွက်စရာကောင်းလိုက်တာ။ စစ်တပ်ဟာ လက်နက်အားကိုးနဲ့ ပြည်သူတွေကို ခြိမ်းခြောက်မယ်၊ ရွာကို မီးရှို့မယ်၊ အပြစ်မဲ့တဲ့ပြည်သူတွေကို ရက်ရက်စက်စက်သတ်မယ် ဆိုတဲ့ လူမဆန်တဲ့လုပ်ရပ်တွေကိုသာရွေးလုပ်တတ်တဲ့အဖွဲ့အစည်းဖြစ်တယ်။
အောက်တိုဘာ ၀၂၊ ၂၀၂၄။ (ဗုဒ္ဓဟူး)
ကချင်ပြည်နယ်ထဲမှာလဲ KIA ကပြည်နယ်မြောက်ပိုင်းရှိ ချီဖွေနှင့်ဆော့လော် မြို့နှစ်မြို့ကို...