မြန်မာမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံပြည်သူ ၃ သန်းကျော်အထိရှိလာပြီလို့ ကုလသမဂ္ဂရုံးကနေ မေ ၄ ရက် မနက်အစောပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ ကရင်ပြည်နယ်၊ မြဝတီမြို့အပါအဝင် အနီးတဝိုက်မှာ အွန်လိုင်းလုပ်ငန်းဆောင်ရွက်နေကြတဲ့ နိုင်ငံခြားသားတွေအားလုံး ၅ လ အတွင်း ထွက်ခွာရမယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) က သတိပေးစာ ထုတ်ပြန်လိုက်တယ်။ ရန်ကုန်တိုင်း၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းရှေ့က စစ်ကောင်စီရဲ့ မင်္ဂလာဒုံတပ်စခန်းဂိတ်ကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ (PDF) တွေက ပြင်းအားမြင့် အဝေးထိန်း ဗုံး ၂ လုံးနဲ့ မေ ၃ ရက် ညပိုင်းမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ တစ်ဖက်နဲ့တစ်ဖက် စစ်ရေးအရှိန်မြင့်လာဖို့ကိုပဲ ပြည်သူတွေကမျှော်လင့်ထားပြီး အဆိုးဆုံးအခြေအနေကိုရင်ဆိုင်ဖို့လည်းအသင့်ဖြစ်နေပါပြီ။ ဒီကာလတစ်လျှောက် ခံစားခဲ့ရတာတွေကို ပေါင်းစည်းပြီး နောက်ဆုံးအနေအထားကို အားလုံးကရင်ဆိုင်နေချင်ကြတာတော့အမှန်ပါပဲ။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...