ပခုက္ကူမြို့ရဲ့လေဆိပ်အနီးမှာ ရဲနဲ့ပျူစောထီး(၇) ဦးသေဆုံးတယ်လို့ သတင်းတွေမှာဖတ်ရပေမယ့် ဒေသခံ တွေကတော့ အဲဒီသတင်းကို သေသေချာချာမကြားရဘူးလို့ပြောပြတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းမှာတော့ စစ်ပွဲရဲ့ရလာဒ်ကို ဒေသခံတွေအတော်များများခံစားကြရတယ်။ စစ်ကောင်စီကလည်းရွာတွေကို မီးရှို့တာ၊ ဒေသခံတွေကိုဖမ်းဆီးသတ်ဖြတ်တာမျိုးတွေဆက်တိုက်လုပ်နေတယ်။ သူတို့အာဏာတည်မြဲဖို့အတွက် ဘာမဆိုလုပ်ဖို့အဆင်သင့်အနေအထားနဲ့ စောင့်ဆိုင်းနေကြတယ်။ တစ်ဖက်မှာလည်း စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို လိုက်လံဖမ်းဆီးတာမျိုးတွေဆက်တိုက်လုပ်နေတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


