စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တစ်ခုက မြန်မာနိုင်ငံမှာရှိနေတဲ့လူငယ်တွေကို ထပ်မံအံအားသင့်စေခဲ့ပါတယ်။ ပြည်ပကို အလုပ်သွားလုပ်ခွင့်ကိုပိတ်လိုက်တာဖြစ်တယ်။ မေလ ၁ ရက်နေ့နောက်ပိုင်းကနေစပြီး ပြည်ပကို အလုပ်သွားလုပ်မယ့်သူတွေကို သွားခွင့်မပေးတော့ဘူး။ အရင်စီစဉ်ထားပြီးဖြစ်တဲ့သူတွေသာ သွားခွင့်ရှိ တော့မယ်။ ဒီသတင်းကြောင့် နိုင်ငံခြားကိုသွားဖို့စီစဉ်ထားတဲ့သူတွေအားလုံး စိတ်ဓါတ်တွေကျကုန်တယ်။ မျှော်လင့်ချက်တွေမဲ့ကုန်တယ်။ စစ်မှုထမ်းဉပဒေကိုထုတ်ပြန်ပြီး ပြည်သူတွေကို စစ်တပ်ထဲပါအောင်ဆွဲ ဆောင်တယ်။ အခုတစ်ခါ နိုင်ငံခြားသွားခွင့်ကိုပိတ်လိုက်ပြီး ပြည်သူတွေကိုထပ်ပိတ်ပင်ပြန်တယ်။ မြန်မာ နိုင်ငံမှာ မွေးတဲ့ နိုင်ငံသားတွေက စစ်ကောင်စီကို ဘာကျေးဇူးမှ မရှိဘဲ ကျေးဇူးဆပ်နေကြရတဲ့အဖြစ်ပါ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


