ရခိုင်ပြည်နယ်ကစစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာအမ်းမြို့နယ်အနီးရှိတောင်ဟိန်းတောင်ဗျူဟာကုန်းကိုအေအေကသိမ်းပိုက်လိုက်ပါတယ်။ထိုဗျူဟာကုန်းဟာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုကာပေးထားတဲ့စခန်းကြီးတစ်ခုဖြစ်ပြီးအင်အား၆၀၀ ကျော်တပ်စွဲထားတာပါ။ထိုစခန်းကျသွားပြီးနောက်အေအေဟာအမ်းမြို့နယ်ကိုကောင်းကောင်းခြိမ်းခြောက်နိုင်သွားပါပြီ။အခုနွေဦးတော်လှန်ရေးမှာစစ်တပ်ရဲ့တပ်ရင်းဌာနချုပ်တွေ၊ကွပ်ကဲမှုဌာနချုပ်တွေအများအပြားကိုသိမ်းပိုက်နိုင်ခဲ့ပေမယ့်တိုင်းစစ်ဌာနချုပ်တစ်ခုမှတော်လှန်ရေးတပ်ဖွဲ့တွေလက်အောက်မကျရောက်သေးပါဘူး။ဒီပုံအတိုင်းဆိုရခိုင်ပြည်နယ်ကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာပထမဆုံးစျေးဦးပေါက်တဲ့တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်လာနိုင်ပါတယ်။
ကရင်ပြည်နယ်ဘက်မှာတော့မြဝတီမြို့ဆီချီတက်နေတဲ့စစ်ကောင်စီစစ်ကြောင်းဟာဒေါနတောင်ပေါ်ကိုတော့ရောက်ရှိနေပါပြီ။ဒါပေမယ့်KNUရဲ့အပြင်းအထန်ခုခံတိုက်ခိုက်နေမှုကြောင့်အကျအဆုံးရာဂဏန်းခန့်ရှိနေတယ်။သံချပ်ကာကားတွေအပါအဝင်အခြားစစ်သုံးယာဥ်များစွာကိုလဲဆုံးရှုံးထားသေးတယ်။ဒါပေမယ့်လဲစစ်တပ်ဘက်ကထိုစစ်ကြောင်းကိုအင်အားထပ်ဖြည့်နေတယ်လို့သိရတယ်။မြဝတီကိုရောက်ဖို့ကတော့လက်ရှိအခြေအနေအရသူတို့အတွက်မလွယ်သေးပါဘူး။