လက်ရှိနွေရာသီမှာအပူချိန်မြင့်တက်မှုတွေတနိုင်ငံလုံးတောက်လျှောက်ဖြစ်ပေါ်နေပါတယ်။ဘယ်လောက်တောင်ဆိုးနေလဲဆိုရင်တကမ္ဘာလုံးကအပူချိန်အမြင့်ဆုံးမြို့တွေမှာမြန်မာနိုင်ငံကမြို့တွေအများအပြားပါဝင်လာတယ်။မြန်မာနိုင်ငံအလယ်ပိုင်းကချောက်မြို့နယ်ဆိုရင်အပူချိန်၄၈ဒီဂရီခန့်ဖြ်နေပြီးထိပ်ဆုံးမှာရပ်တည်နေတယ်။ဒီနှစ်ဟာအယ်နီညိုနှစ်ဖြစ်တာလဲပါတာပေါ့။
တခြားနိုင်ငံတွေမှာအပူချိန်မြင့်တက်တာသိပ်မသိသာပေမယ့်ဒီနိုင်ငံမှာတော့လျှပ်စစ်မီးပြတ်တောက်မှုကြောင့်အခြေအနေတွေပိုမိုဆိုးရွားလာနေပါတယ်။သာမန်ပြည်သူတွေမှာအပြင်မှာနေပူလို့အိမ်ထဲမှာပဲနေမယ်ဆိုရင်တောင်မီးမလာလို့အိမ်မှာလဲသက်တောင့်သက်သာမနေနိုင်တဲ့အခြေအနေပါ။မိုးရာသီဟာလဲဇွန်လလောက်မှစမှာဖြစ်တဲ့အတွက်လာမယ့်မေလတလလုံးထိုအပူအချိန်ကိုခါးစည်းခံကြရပါဦးမယ်။တကယ့်ကိုမတွေးရဲစရာအခြေအနေတစ်ခုပါပဲ။