ပူပြင်းခြောက်သွေ့တဲနွေရာသီရောက်လာပြီဆိုတော့တနိုင်ငံလုံးမှာလျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေပိုမိုဆိုးရွားလာနေပါတယ်။ဒီပြသာနာဟာအာဏာသိမ်းပြီးနောက်နှစ်တိုင်းဖြစ်နေကြပါပဲ။ဒါပေမယ့်ဒီနှစ်မှာပိုဆိုးလာတယ်။အရင်နှစ်တွေကသင်္ကြန်ပီးမှဒီပြသာနာကိုကြုံရပေမယ့်ဒီနှစ်မှာတော့သင်္ကြန်မတိုင်ခင်မှာပဲစဖြစ်နေပြီးဒီရက်ပိုင်းမှာပိုမိုဆိုးရွားလာတယ်။ရန်ကုန်မှာဆိုညသန်းခေါင်အချိန်ကြီးတွေတောင်မီးတွေပျက်နေပြီးမန္တလေးမှာလဲတစ်နေ့မှလေးနာရီလောက်သာလျှပ်စစ်မီးရတော့တယ်။စာရင်းဇယားများအရမြန်မာနိုင်ငံမှာမဂ္ဂဝပ်၅၀၀၀ခန့်လိုအပ်နေပေမယ့်စစ်ကောင်စီလက်ထက်မှာ၂၅၀၀ခန့်သာထုတ်လုပ်ပေးနိုင်တော့တာပါ။နေ့ဘက်တွေမီးပျက်တာကနေလို့ရပေမယ့်အိပ်ချိန်တွေဖြစ်တဲ့ညသန်းခေါင်ချိန်တွေမှာပါမီးပျက်တာအတော်ဆိုးပါတယ်။အဲကွန်းဖွင့်မရ၊ပန်ကာတောင်ဖွင့်အိပ်မရပဲအတော်ဒုက္ခရောက်ကြရတယ်။တကယ့်လောကငရဲကိုရောက်နေသလိုပါပဲ။မင်းအောင်လှိုင်ပေးတဲ့ဒုက္ခတွေကတော့စာဖွဲ့မကုန်ပါဘူး။
စက်တင်ဘာ ၀၁၊ ၂၀၂၄။ (တနင်္လာ)
အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ဆေးဝါးအပါအဝင်...