ကရင်ပြည်နယ်၊မြဝတီမြို့ဘက်ကသတင်းတွေကိုလူအများအာရုံစိုက်နေဆဲမှာပဲကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေဘက်မှာစစ်ရေးအရှိန်သိသိသာသာလျော့ကျသွားတယ်။ရခိုင်ပြည်နယ်မှာဆိုရင်ပြီးခဲ့တဲ့မတ်လရသေ့တောင်မြို့ကိုသိမ်းပြီးကတည်းကလှုပ်ရှားမှုတွေသိပ်မတွေ့ရတော့ဘူး။တချို့ကတော့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာရခိုင်ပြည်နယ်တောင်ပိုင်းကိုထိုးစစ်စဖို့အားယူနေတယ်လို့ယူဆကြသလိုတချို့ကတော့အေအေတို့စစ်ပန်းနေပြီလို့ထင်ကြေးပေးကြတယ်။ကချင်ပြည်နယ်မှာလဲKIAဟာဒီလထဲနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့လွယ်ဂျယ်ကိုသိမ်းပြီးတဲ့နောက်ဘာသံမှသိပ်မကြားရတော့ဘူး။ဒီအခြေအနေကိုကြည့်ခြင်းအားဖြင့်EAOကြီးတွေတောင်စစ်တပ်ကိုတကယ်တိုက်ရင်တလထပ်ပိုပြီးတိုက်နိုင်ဖို့မလွယ်ကူဘူးလို့ကောက်ချက်ချလို့ရတယ်။
မကြာမီမိုးရာသီကိုကျရောက်လာပါတော့မယ်။မြန်မာပြည်ရဲ့မိုးရာသီဟာပြင်းထန်တာကြောင့်မိုးတွင်းမှာဘယ်ဘက်ကမှာတိုက်ပွဲတွေဖော်ဆောင်လေ့မရှိပဲအင်အားစုဆောင်းကြတယ်။ဒါ့ကြောင့်ဒီနောက်ပိုင်းလတွေထဲစစ်ရေးအခြေအနေထူးခြားမှုသိပ်ရှိတော့မယ်မထင်ဘူး။