နယ်စပ်တံတားအောက်မှာခိုလှုံနေတဲ့မြဝတီမြို့စောင့်တပ်ခလရ၂၇၅ဟာသူတို့စွန့်ခွာခဲ့တဲ့တပ်ရင်းနေရာမှာပြန်တပ်စွဲထားတဲ့ပုံတွေထုတ်ပြန်ပြီးစစ်ကောင်စီကထိုတပ်ရင်းကိုပြန်ရပြီလို့ဝါဒဖြန့်နေတယ်။ထိုသတင်းကြောင့်တော်လှန်ရေးအဖွဲ့တွေဘက်မှာသို့လောသို့လောတွေဖြစ်ကုန်ကြတယ်။KNUကထိုတပ်ရင်းကိုအသေခံတိုက်ပြီးအလွယ်တကူပြန်ပေးလိုက်ရတယ်ဆိုတော့ခံပြင်းကြတာပေါ့။တချို့တွေဆိုKNUကိုဆဲတောင်ဆဲကြသေးတယ်။တကယ်လဲထိုတပ်ရင်းကိုစစ်ကောင်စီတပ်ဖွဲ့တွေပြန်လာခဲ့ပါတယ်။ထိုတပ်ဖွဲ့တွေကိုBGFကလုံခြုံရေးယူပြီခေါ်လာတာဖြစ်တယ်။တကယ်ကဝါဒဖြန့်ဖို့ဓာတ်ပုံရိုက်အလံတင်ပြီးပြန်ဆုတ်သွားကြတာပါ။မြဝတီမြို့ရဲ့လက်ရှိအခြေအနေကအဲ့ဒီလိုပါ။ကြားထဲမှာBGFကခြံစည်းရိုးခွထိုင်ပြီးခြေရှုပ်နေတယ်။အခုလောလောဆယ်တော့မြဝတီမြို့မှာစစ်ကောင်စီရောKNUပါရှိမနေပဲBGFကပဲဆက်လက်ထိန်းချုပ်ထားတယ်။စစ်ကူတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာလဲအခုချိန်ထိဒေါနတောင်ခြေမှာပဲရှိနေဆဲပဲ။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...