မနေ့ကမန္တလေးက တံတားဦးလေတပ်စခန်းရှော့တိုက်ဒုန်းနဲ့ အပစ်ခံရပြန်တယ်။ ဒီရက်တွေထဲ စစ်ကောင်စီရဲ့အဓိကနေရာတွေ၊ လေတပ်စခန်းတွေကိုရှော့တိုက်ဒုန်းတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ ခပ်စိတ်စိတ်ဖြစ်ပေါ်လာတာကိုတွေ့ရတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့်တော်လှန်ရေးမှာ နေရှင်းဝှိုက်ဗျူဟာမဟုတ်ပဲ တော်လှန်ရေးကို ရုတ်ချည်းပြောင်းလဲသွားစေနိုင်တဲ့ ဗျူဟာကျစစ်ဆင်ရေးတွေရှိနေတယ်လိုထင်မိတယ်။ NUG ERO တွေ ဒီအပိုင်းကို ဗျူဟာကျကျ ချဥ်းကပ်နေကြလားမသိဘူး။
နည်းပညာမြင့်လက်နက်တွေအပါအဝင် ပစ်မှတ်ကို တိကျတဲ့လက်နက်ကြီးတွေ ကိုယ်ဖက်မှာပိုင်ဆိုင်လာရင် အဲဒီလက်နက်တွေကိုသုံးပြီး စစ်ကောင်စီရဲ့ အဓိကကျ စခန်းတွေ အဆောက်အအုံတွေကို တိုက်ခိုက် ချေမှုန်းနိုင်ရင် တော်လှန်ရေးဟာ ရုတ်ချည်း ပွဲသိမ်းနိုင်ပါတယ်။ဒီနေရာမှာ NUG ဟာ ERO တွေနဲ့ မဟာမိတ်စစ်ရေးကို တည်ဆောက်ထားနိုင်သလို တဖက်မှာ အပေါ်မှာပြောတဲ့ နည်းပညာမြင့် လက်နက်တွေကို ပိုင်ဆိုင်ဖို့ အဲဒီလက်နက်တွေနဲ့ တိုက်ပွဲဝင်ဖို့ တချိန်လုံးကြိုးစားနေခဲ့တယ်။
ရှမ်းမြောက်တိုက်ပွဲတွေ ရခိုင်တိုက်ပွဲတွေ ကြည့်မယ်ဆို ကိုယ့်ဘက်မှာ နည်းပညာမြင့်ဒရုန်းတွေ ပိုင်ဆိုင်တိုက်ပွဲဝင်လာနိုင်တာ လေကြောင်းကို အတိုင်းအတာတခုထိ ခြိမ်းခြောက်နိုင်တဲ့လက်နက်တွေ ပိုင်ဆိုင်ထားတာဟာ ကိုယ့်ဘက်မှာ အများကြီး အရေးသာစေခဲ့တယ်။နေပြည်တော် အေလာလေဆိပ်နဲ့ စစ်ရေးပစ်မှတ်တွေ တိုက်ခိုက်နိုင်တာ ပြင်ဦးလွင်မှာ မင်းအောင်လှိုင်ရောက်ချိန် မော်လမြိုင်မှာ စိုးဝင်း ရောက်ချိန် တိုက်ခိုက်နိုင်တာတွေက စစ်ခေါင်းဆောင်နဲ့ စစ်တပ်ကို အများကြီး ထိတ်လန့် တုန်လှုပ်စေတယ်။
လက်ရှိတော်လှန်ရေးအခြေအနေကိုကြည့်မယ်ဆို စစ်တပ်ဟာ မြေပြင်မှာ အသာရနေတာတခုမှမရှိတဲ့အပြင် လေတပ်နဲ့ လေကြောင်းအကူသာ မရှိတော့ရင် စစ်တပ် ချက်ချင်း ပြိုလဲသွားမယ်ဆိုတာ ပြောနိုင်နေပြီဖြစ်တယ်။
နောက်တခုက ကပစ စက်ရုံတွေပေါ့။ မြောက်များစွာသောစခန်းတွေ လက်လွတ်ရတာကနေ စစ်တပ်ဟာ စစ်အင်အား ပြုန်းတီးမှုအပြင် စစ်လက်နက် လိုအပ်ချက် အများကြီး မြင့်လာခဲ့တယ်။
တနိုင်ငံလုံး စစ်မှုထမ်းဥပဒေနဲ့ အဓမ္မ ပေါ်တာဆွဲ လူသစ်စုဆောင်းပြီးနောက် စစ်တပ်ဟာ စစ်လက်နက်လိုအပ်ချက် ပိုပြီးတော့ များပြားလာနေတယ်။ကပစ စက်ရုံတွေဟာလည်း စစ်တပ် လေတပ်စခန်းတွေ အဆောက်အအုံတွေလို အဓိကကျတဲ့ စစ်ရေးပစ်မှတ်အဖြစ် ဦစားပေးပဲ။
ကိုယ့်ဘက်မှာသာ နည်းပညာမြင့်ဒရုန်းတွေ ပစ်မှတ်ကို တိကျတဲ့ လက်နက်ကြီးတွေ ပိုင်ဆိုင်လာခဲ့ရင် စစ်တပ်ရဲ့ ဒီပစ်မှတ် ၃ ခုကိုသာ ဦးစားပေး တိုက်ခိုက်နိုင်ရင် တော်လှန်ရေးကို ရုတ်ချည်း ပြောင်းလဲလို့ရပါတယ်။
နံပါတ် ၁ စစ်တပ် လေတပ်စခန်း အဆောက်အအုံတွေ၊ နံပါတ် ၂ ကပစ စက်ရုံတွေ။ နံပါတ် ၃ စစ်ခေါင်းဆောင်တွေနဲ့ စစ်ကောင်စီဝန်ကြီးတွေကို စစ်ရေး ပစ်မှတ်အဖြစ် တစိုက်မတ်မတ် တိုက်ခိုက်နိုင်ရင် တော်လှန်ရေးက ရုတ်ချည်း အပြောင်းအလဲဖြစ်နိုင်ပါတယ်။