မြဝတီမြို့၊ထိုင်းမြန်မာနယ်စပ်တံတားအနီးမှာ တပ်စွဲထားတဲ့စစ်သူပုန်တွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဧပြီ၉ရက်နေ့ညကစပြီး တိုက်ခိုက်ခဲ့ပါတယ်။ ထိုနေ့ညက ဒရုန်းတွေနဲ့ဗုံးကြဲစတင်တိုက်ခိုက်ခဲ့ပြီးနောက် ၃၆နာရီကြာအောင် ထိုနေရာမှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ စစ်ကောင်စီဘက်လဲ တနေကုန်လေကြောင်းကနေ ဗုံးအလုံးပေါင်းရာနဲ့ချီပြီး ကြဲချကာခုခံခဲ့တယ်။ စစ်ကောင်စီရဲ့လေကြောင်းကနေအပြင်းအထန်တိုက်ခိုက်မှုကြောင့် သောင်ရင်းမြစ်သာခြားတဲ့ ထိုင်းဘက်အခြမ်းမှာ ထိုင်းစစ်တပ်ကလုံခြုံရေးအပြည့်ယူထားရတယ်။ ဒေသခံပြည်သူ၃၀၀၀ခန့်ဟာလဲ မြစ်ကိုဖြတ်ကူးကာ ထိုင်းဘက်ကိုအရေးပေါ်စစ်ရှောင်ကြရတယ်။ KNUနဲ့ပူးပေါင်းတပ်တွေဟာ ထိုစစ်သူပုန်တွေကို အပြီးသတ်မချေမှုန်းနိုင်ဘဲ ဒီနေ့မနက်မှာ ပြန်လည်ဆုတ်ခွာသွားကြတယ်။ တိုက်ပွဲဟာနယ်စပ်မျဉ်းပေါ်မှာဖြစ်နေတဲ့အတွက် အဆင်မပြေခဲ့ပါဘူး။ ဒါ့အပြင်စစ်သူပုန်တွေတပ်စွဲထားတဲ့နေရာပတ်ဝန်းကျင်ဟာ သတ်ကွင်းပုံစံဖြစ်နေခြင်းကြောင့် ထင်သလောက်ခရီးမပေါက်ခဲ့ဘူးလို့သိရတယ်။ တဖက်မှာလဲ မြဝတီတမြို့လုံးကို စစ်ကောင်စီက ဗုံးကြဲဖျက်စီးပစ်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတယ်။
ဇန်နဝါရီ ၀၄၊ ၂၀၂၅။ (စနေ)
ဒီနှစ်ဆန်းပိုင်းကစပြီး ရန်ကုန်နဲ့မန္တလေးနေပြည်တော်မြို့ကြီးတွေအလှည့်ကျဝန်အားလျော့ ဓာတ်အားပေးမည့်အစီအစဥ်အသစ်တစ်ခုကို စစ်ကောင်စီကစတင်လိုက်ပါပြီ။ရန်ကုန်ကို လျှပ်စစ်မီးလေးနာရီလာ၊၈နာရီပျက်စနစ်နဲ့ဓာတ်အားပေးမှာဖြစ်ပြီး...