နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ဆုံးရှုံးလိုက်ရတာဟာစစ်ကောင်စီကို အများကြီးနစ်နာစေပါတယ်။ အခုလောလောဆယ်မှာတော့ မြန်မာပြည်မှာ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုဖြစ်တဲ့ တရုတ်နဲ့ ကုန်သွယ်တဲ့ မူဆယ်နဲ့ထိုင်းနဲ့ ကုန်သွယ်တဲ့ မြဝတီစခန်းတို့ကို လက်လွတ်ထားရတယ်။ ထိုစခန်းနှစ်ခုဟာ စစ်ကောင်စီကို အခွန်ငွေအများအပြားရှာပေးနေတာပါ။ စစ်ကောင်စီဘက်မှာ ဝင်ငွေထိခိုက်သလိုပဲ ပြည်သူတွေဘက်မှာလဲ ထိခိုက်နစ်နာမှုတွေအများရှိနေတယ်။ တရုတ်နိုင်ငံနဲ့ထိုင်းနိုင်ငံဟာ မြန်မာပြည်ရဲ့ အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံနှစ်ခုဖြစ်တယ်။ ထိုနိုင်ငံတွေနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ရပ်နေခြင်းဟာ ကုန်ပစ္စည်းအဝင်အထွက်တွေ ရပ်တန့်နေတဲ့သဘောသက်ရောက်တယ်။ ထိုအကျိုးဆက်ဟာ သွင်းကုန် ပစ္စည်းတွေကို ဈေးတက်လာစေပြီး ပို့ကုန်ဘက်မှာလဲမြန်မာပြည်က ပို့နေကျလယ်ယာထွက်ပစ္စည်းတွေ မပို့နိုင်တော့တဲ့အတွက် တောင်သူလယ်သမားတွေကို ဒုက္ခများစေတယ်။ နောက်ဆုံး အကျိုးဆက်ကတော့ ကုန်ဈေးနှုန်းတွေထပ်တက်လာတာပါပဲ။ လက်ရှိမှာတော့ ဒီသံသရာထဲမှာတဝဲလည်လည်နဲ့ပဲ ပြည်သူတွေ ဒုက္ခခံရဦးမယ်။ စစ်ကောင်စီမြန်မြန်ပြုတ်ကျမှအေးမှာပါ။