မြဝတီမြို့ကစစ်ကူပေးဖို့ ချီတက်လာတဲ့စစ်တပ်စစ်ကြောင်းဟာ ခန့်မှန်းထားသလိုပဲ ကော့ကရိတ်မြို့ကို မကျော်နိုင်သေးပဲဒေါနတောင်ခြေမှာတင် ရှေ့မဆက်နိုင်ပဲဖြစ်နေတယ်။ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မြေပြန့်လွင်ပြင်ဒေသဖြစ်တဲ့ ကော့ကရိတ်မြို့ကဆုတ်ခွာပေးလိုက်ပြီး ဒေါနတောင်ခြေကနေ ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် အဆိုပါစစ်ကြောင်းဟာ အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရတယ်။ ထိုနေရာမှာ ရပ်တန့်နေတာ တပတ်ခန့်ရှိနေပြီဖြစ်ပြီး ဒီရက်ပိုင်းတိုက်ပွဲတွေမှာ စစ်သူပုန်တစ်ရာကျော်ခန့် ထိခိုက်သေဆုံးမှုရှိတယ်လို့ KNUကထုတ်ပြန်ထားတယ်။ ကချင်ပြည်နယ်ဘက်မှာလဲ လွယ်ဂျယ်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရင်းစခန်းကနေ မြန်မာငွေသိန်းပေါင်း၅၀၀၀၀ကျော် KIAUသိမ်းဆည်းရမိခဲ့တယ်။ လက်ရှိကာလဒေါ်လာပေါက်ဈေးနဲ့ တွက်ရင်တော့ ဒေါ်လာတစ်သန်းခွဲခန့် ရှိတာပေါ့။ ထိုငွေတွေဟာ နယ်စပ်ကုန်သွယ်ရေးအခွန်ငွေတွေဖြစ်ပြီး တရုတ်နိုင်ငံဖက်ကို ထွက်ပြေးသွားတဲ့စစ်သူပုန်တွေက သူတို့နဲ့တပါထဲယူဆောင်သွားဖို့ ကြိုးစားခဲ့ပေမယ့်လဲ တရုတ်ဘက်ကလက်မခံခဲ့တာကြောင့် အခုလိုKIAက ရရှိလိုက်တာပဲ။ မြဝတီမြို့မှာလဲ ကရင်တွေသာညီညွတ်မှုရှိရင် အခုထက် သုံးလေးဆပိုတဲ့ ငွေကြေးတွေကိုသိမ်းဆည်းရနိုင်ဖို့ အခွင့်အလမ်းရှိခဲ့တာပဲ။ ဒါပေမယ့် တမြို့ထဲမှာပဲအဖွဲ့တွေကွဲနေတာကြောင့် စစ်ကောင်စီက ထိုင်းဘက်ကနေ လေကြောင်းနဲ့သယ်ထုတ်ခွင့်ရသွားတယ်။
မတ် ၁၅၊ ၂၀၂၅။ (စနေ)
အိမ်နီးချင်းနိုင်ငံတွေကတော့ မြန်မာပြည်ကို ပါးပါးလှီးဖို့ကြံစည်နေပါတယ်။အိန္ဒိယဟာမြန်မာ့နယ်မြေအချို့ကို သူ့နိုင်ငံထဲသွတ်သွင်းဖို့ကြံစည်နေချိန်မှာပဲ တရုတ်ကရှမ်းမြောက်မှာ...