မြန်မာလူမျိုးတို့ရဲ့ မဟာသင်္ကြန်ကာလကြီးကတော့ ပြီးဆုံးခဲ့ပါပြီ။ ဒီနှစ်ကတော့ တော်လှန်သင်္ကြန်အဖြစ် သပိတ်မမှောက်နိုင်ကြတော့ပါဘူး။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ကြီးတွေအားလုံးမှာ လူတွေအများအပြားသင်္ကြန်ပွဲကို ဆင်နွှဲခဲ့ကြတယ်။ ရန်ကုန်မှာဆိုရင် မြို့တော်ခန်းမပတ်ဝန်းကျင်နဲ့ ပြည်သူ့ရင်ပြင်မှာ၊ မန္တလေးမှာဆိုရင်တော့ ကျုံးဘေးနဲ့မင်္ဂလာမန္တလေးဘက်မှာ ခြိမ့်ခြိမ့်သဲသဲပါပဲ။ မန္တလေးမှာဆိုရင် အကျနေ့မနက်က ကျုံးဘေးမှာဗုံးပေါက်ပြီး ပြည်သူတချို့ထိခိုက်မှုတွေရှိခဲ့တယ်။ ဒါပေမယ့်အကျနေ့ညနေပိုင်းရောက်တော့ ဘာမှမဖြစ်ခဲ့သလိုပဲ စည်ကားလျက်ပါပဲ။ ထို့အတူပြင်ဦးလွင်မှာ ရှော့တိုက်ဒုံးအလုံး၃၀ခန့် အပစ်ခံလိုက်ရတာတောင် အပျော်မပျက်ခဲ့ပါဘူး။ လူတွေလဲလူမှုစီးပွားဘဝတွေ မွန်းကြပ်နေတော့ တော်လှန်သင်္ကြန်မလုပ်နိုင်ကြတော့ဘူး။ ကာလအားဖြင့်လဲ လေးနှစ်လောက်ရှိလာပြီလေ။ အဲ့ဒီတော့ အပျော်နောက်ကိုပဲ ကောက်ကောက်ပါအောင်လိုက်နေကြတော့တယ်။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...