သင်္ကြန်ကာလအတွင်းမှာလဲ နိုင်ငံတဝန်း စစ်ကောင်စီလက်အောက်ခံတပ်တွေ ဆက်တိုက်ဆိုသလို လက်နက်ချနေပါတယ်။ ဒီရက်ပိုင်းတနင်္သာရီတိုင်း၊ ထားဝယ်မြို့က တပ်ရင်းတစ်ခုလုံး KNUထံ လက်နက်ချခဲ့ တယ်လို့သိရတယ်။ အင်အား၁၀၀ကျော်ခန့်ရှိပြီး လက်နက်ချသွားတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေကို စစ်ကောင်စီကဖမ်းဆီးထားတယ်။ ထိုတပ်ရင်းဟာ တိုက်ပွဲတွေသိပ်ဖြစ်လေ့မရှိတဲ့ တနင်္သာရီတိုင်းမှာ ပထမဆုံးလက်နက်ချတဲ့တပ်ရင်းဖြစ်လာတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့မှာလဲ ပျူစောထီး ရွာလေးရွာမှ ပျူစောထီးအင်အား၁၂၀ခန့်ဟာ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေထံ လက်နက်ချခဲ့ပါတယ်။ တော်လှန်ရေးအဖွဲ့တွေက ထိုရွာတွေကို ၁၀ရက်ကျော်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက် အခုလို လက်နက်ချ ခဲ့တာပါ။ စစ်ကိုင်းတိုင်းထဲမှာ ဒီလထဲမှာပဲ တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်းကိုခံရတဲ့ ပျူစောထီးရွာတွေနဲ့ လက်နက်ချတဲ့ရွာတွေတဖြည်းဖြည်းနဲ့များပြားလာပါပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


