မနေ့ညက စစ်တပ်ရဲ့တပ်မြို့ဖြစ်တဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကို ရှော့တိုက်ဒုံးတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်။ စစ်တက္ကသိုလ်တွေ တည်ရှိရာနေရာတွေကို အဓိကဦးတည်ပြီး ရှော့တိုက်ဒုံး၃၀ကျော်နဲ့ တိုက်ခိုက်ခဲ့တာပါ။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သင်္ကြန်ပွဲဆင်နွဲဖို့ပြင်ဦးလွင်ကို ရောက်ရှိနေတယ်လို့ သတင်းရထားတာလဲ ပါတာပေါ့။ ဒါပေမယ့်မင်းအောင်လှိုင်ဟာ မနေ့ကမနက်ကတည်းက ပြင်ဦးလွင်က ပြန်လည်ထွက်ခွာသွားပြီး တိုက်ခိုက်ခံရချိန်မှာ မြို့ပေါ်မှာမရှိတော့ဘူးလို့ သိရတယ်။ သူကံကောင်းသွားတာပေါ့။ စစ်တပ်ရဲ့မြို့ဖြစ်တဲ့ ပြင်ဦးလွင်ကို အရင်ကလဲရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တာမျိုးရှိပေမယ့် အခုတစ်ခေါက်ကတော့ အလုံး၃၀ကျော်နဲ့ အပြင်းထန်ဆုံးလို့ပြောရမယ်။ အတွင်းသတင်းတွေအရတော့ စစ်တက္ကသိုလ်ထဲက ဗိုလ်လောင်းတချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရတယ်။ အရင်က ပြင်ဦးလွင်လိုမြို့ကို တိုက်ခိုက်နိုင်ဖို့နေနေသာသာ အနားတောင်မကပ်နိုင်ခဲ့ပါဘူး။ အခုတော့တော်လှန်ရေးအဖွဲ့တွေက မြို့ကိုအကွာအဝေးတစ်ခုကနေ ကောင်းကောင်းခြိမ်းခြောက်နိုင်နေတာကြောင့် စစ်တပ်ရဲ့ အင်အားလျော့နည်းလာမှုနဲ့ လုံခြုံရေးစည်းကျိုးပေါက်မှုကို အထင်းသားမြင်သာစေတယ်။
မတ် ၁၅၊ ၂၀၂၅။ (စနေ)
အိမ်နီးချင်းနိုင်ငံတွေကတော့ မြန်မာပြည်ကို ပါးပါးလှီးဖို့ကြံစည်နေပါတယ်။အိန္ဒိယဟာမြန်မာ့နယ်မြေအချို့ကို သူ့နိုင်ငံထဲသွတ်သွင်းဖို့ကြံစည်နေချိန်မှာပဲ တရုတ်ကရှမ်းမြောက်မှာ...