မြဝတီမြို့ရဲ့အနေအထားက ရှုပ်ထွေးနေပါတယ်။ လက်ရှိမြဝတီက အခြေအနေတွေအကြောင်း မပြောခင် ကရင်ပြည်နယ်ထဲအခြေအနေတွေကို အရင်ပြောရမယ်။ ရှမ်းပြည်နယ်လိုပဲ ကရင်ပြည်နယ်ထဲမှာလဲ လက်နက်ကိုင်အဖွဲ့အစည်းတွေ အများကြီးဖြစ်နေတယ်။ ရှမ်းပြည်နယ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေက လူမျိုးပေါ်မူတည်ပြီး တသီးတခြားစီရပ်တည်နေကြပေမယ့် ကရင်ပြည်နယ်ထဲမှာ ကရင်လူမျိုးတစ်မျိုးထဲကိုပဲ လက်နက်ကိုင်အဖွဲ့ အနည်းဆုံး၃ဖွဲ့လောက် ကွဲနေတယ်။ KNU/ DKBA/ BGFစသဖြင့်ပေါ့။ KNUကတော့မိခင်အဖွဲ့အစည်းဖြစ်ပြီး ကျန်တဲ့အဖွဲ့တွေကတော့ အရင်စစ်အစိုးရလက်ထက်က စစ်တပ်ရဲ့သွေးခွဲမှုကြောင့်ခွဲထွက်ခဲ့တာပါ။ အခုကာလမှာတော့ KNUတစ်ဖွဲ့သာ စစ်တပ်ကိုပြန်လည်တိုက်ခိုက်နေပြီး ကျန်တဲ့အဖွဲ့တွေကတော့ စစ်ကောင်စီနဲ့ မိတ်ဆွေဆက်ဆံရေးမျိုးရှိနေတယ်။
အခုမြဝတီမြို့ကိုထိန်းချုပ်ထားတဲ့ BGFအဖွဲ့ဟာ အရင်ကစစ်ကောင်စီလက်အောက်ခံအဖွဲ့တစ်ခုဖြစ်ပြီး စစ်ကောင်စီလက်အောက်က ခွဲထွက်လာတာမကြာသေးပါဘူး။ ဒါပေမယ့်လဲ စစ်ကောင်စီကို ပြန်လည်မတိုက်ခိုက်သေးပါဘူး။ အခုလဲ ထိုင်းနယ်စပ်တံတားအောက်က စစ်သူပုန်တွေကို ရိက္ခာထောက်ပံ့ထားတယ်။ထိုစစ်သူပုန်တွေဟာ ကော့ကရိတ်မြို့ဘက်က တက်လာမယ့်စစ်ကူစစ်ကြောင်းကို စောင့်မျှော်နေရှာတယ်။ KNUကတော့ ကရင်လူမျိုးအချင်းချင်း မတိုက်ခိုက်ရေးမူကို လက်ကိုင်ထားနေတာကြောင့် BGFနဲ့ပြသာနာတစ်စုံတရာမဖြစ်သေးပါဘူး။ ဒါပေမယ့် စစ်ကောင်စီမရှိတော့ရင် ဝင်ငွေကောင်းပြီး ထိုင်းနယ်စပ်ကုန်သွယ်ရေးအချက်အခြာမြို့ဖြစ်တဲ့ မြဝတီကို ကရင်တွေဘယ်လိုအုပ်ချုပ်မလဲဆိုတာတော့ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...