Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဧပြီ ၁၁၊ ၂၀၂၄။ (ကြာသပတေး)

မြဝတီမြို့ကမြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၅ ကို ဒီနေ့မနက်လေးနာရီခွဲခန့်မှာ အပြီးသတ် သိမ်းပိုက်နိုင် ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိတယ်လို့ KNUက သတင်းထုတ်ပြန် လိုက်ပါတယ်။

April 11, 2024
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

မြဝတီမြို့ကမြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၅ ကို ဒီနေ့မနက်လေးနာရီခွဲခန့်မှာ အပြီးသတ် သိမ်းပိုက်နိုင် ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိတယ်လို့ KNUက သတင်းထုတ်ပြန် လိုက်ပါတယ်။ ထိုတပ်စခန်းကိုသိမ်းပိုက်နိုင်ဖို့ KNUနဲ့ပူးပေါင်းအဖွဲ့တွေဟာ ဧပြီလ ၉ ရက်နေ့ကတည်းက စတင်ထိုးစစ်ဆင် ခဲ့တာပါ။ သင်္ကန်းညီနောင်ဗျူဟာစခန်းကျအပြီးမှာ သူတို့ကိုလက်နက်ချဖို့ညှိပေမယ့် ညှိမရလို့ဝင်တိုက်ခဲ့ရ တယ်။ တပ်ရင်းကိုသိမ်းနိုင်ခဲ့ပေမယ့် ထိုတပ်ရင်းထဲက စစ်သူပုန်တွေကတော့ မြန်မာထိုင်းနယ်စပ် ချစ်ကြည်ရေးတံတားဘက်ကို ထွက်ပြေးသွားကြတယ်။ အဲ့ဒီကမှတဆင့် ထိုင်းနိုင်ငံထဲကို ဆက်လက် ထွက်ပြေးမယ့်ပုံပဲ။ ထိုင်းဘက်ကတော့ အခုထိလက်မခံသေးလို့ တံတားအောက်မှာ စစ်သူပုန်အင်အား ၂၀၀ခန့် ပိတ်မိနေတယ်။ မြဝတီမြို့ထဲမှာတော့ ဒေသခံပြည်သူတွေ ထိုင်းနိုင်ငံဘက် ဆက်လက်စစ်ရှောင် နေကြတယ်။ မြို့ပေါ်မှာဘဏ်တွေ၊ ဈေးတွေလဲပိတ်ကုန်ပြီ။ တဖက်မှာလဲ မြဝတီမြို့ကနောက်ဆုံး မြို့စောင့် တပ်ကို စစ်ကူပေးဖို့ချီတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကော့ကရိတ်မြို့အနောက်ဘက် ကျုံဒိုးမြို့ အနီးမှာ ပွဲဦးထွက် တိုက်ခိုက်ခြင်းခံလိုက်ရတယ်။ ထိုစစ်ကြောင်းမှာ တပ်မ၅၅တစ်ခုလုံးနဲ့ အခြားတပ်အချို့ ပူးပေါင်းပါဝင်လာတယ်လို့ သိရတယ်။ တပ်မ၅၅ဟာ ကရင်နီပြည်နယ်က တိုက်ပွဲတွေအတွင်းမှာ တပ်ပျက်ခဲ့ပြီး ရှမ်းမြောက်မှာစစ်ရှုံးခဲ့တဲ့ အစဉ်အလာကောင်းသောတပ်မတစ်ခုပါ။ အခုကရင်ပြည်နယ်ကို ရောက်လာပြန်ပြီပေါ့။ စစ်ကောင်စီရဲ့စစ်ကူစစ်ကြောင်းက လမ်းတဝက်လောက်မှာသာရှိနေဆဲမှာပဲ မြဝတီက မြို့စောင့်တပ်က စခန်းစွန့်ခွာထွက်ပြေးသွားပြီဆိုတော့ ထိုစစ်ကူစစ်ကြောင်းဟာ ရှေ့ဆက်တိုးမှာလား၊ နောက်လှည့်ပြန်မှာလားမသဲကွဲသေးပါဘူး။ ခုလောလောဆယ်တော့ မြဝတီမြို့ဟာ တော်လှန်ရေးအဖွဲ့တွေ လက်ထဲ လုံးဝကျရောက်သွားပြီဖြစ်ပါတယ်။

Related Posts

ဇွန် ၀၂၊ ၂၀၂၅။ (တနင်္လာ)
အာဏာသိမ်း ဒိုင်ယာရီ

ဇွန် ၀၂၊ ၂၀၂၅။ (တနင်္လာ)

June 2, 2025

ရန်ကုန်လူဦးရေရဲ့ တဝက်နီးပါးလောက်ဆင်းရဲနေတယ်ဆိုပေမယ့် အထိနာဆုံးကတော့အခြေခံလူတန်းစားတွေပါပဲ။ လုပ်ခလစာနည်းပါးမှုနဲ့ ဆက်တိုက်မြင့်တက်လာနေသော...

ဇွန် ၀၁၊ ၂၀၂၅။ (တနင်္ဂနွေ)
အာဏာသိမ်း ဒိုင်ယာရီ

ဇွန် ၀၁၊ ၂၀၂၅။ (တနင်္ဂနွေ)

June 1, 2025

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်များဖြစ်တဲ့...

မေ ၃၁၊ ၂၀၂၅။ (စနေ)
အာဏာသိမ်း ဒိုင်ယာရီ

မေ ၃၁၊ ၂၀၂၅။ (စနေ)

May 31, 2025

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး မိုနိုဝါဟူစိန်ကို ဒါကာသို့...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English