မြဝတီမြို့အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်မြို့စောင့်တပ်ဖြစ်တဲ့ ခလရ-၂၇၅ကို KNUကဒီနေ့မှာ စတင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလေယာဉ်တွေနဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခုခံနေတယ်။ ဗုံးကြဲမှုကြောင့် မြဝတီမြို့ပေါ်က ရပ်ကွက်တွေကနေအိမ်တွေနဲ့ အဝေးပြေးကားဝင်းက အဆောက်အအုံတွေ မီးလောင်ပျက်စီးကုန်တယ်။ စစ်တပ်နဲ့KNUပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေချိန်မှာပဲ စစ်ကောင်စီနဲ့ အရင်က မဟာမိတ်ဖြစ်ခဲ့တဲ့ ကရင်BGFတပ်တွေက မြဝတီမြို့အဝင်အထွက်လမ်းတွေကို ပိတ်ထားလိုက်ပြီး မြို့ပေါ်မှာကင်းလှည့်နေပါတယ်။ ထိုင်းဘက်ကိုသွားတဲ့ချစ်ကြည်ရေးတံတားကိုတော့ဖွင့်ပေးထားတယ်။
ဒီအခြေအနေတွေကြောင့် မြဝတီမြို့မှာ စစ်ကောင်စီရဲ့ဌာနဆိုင်ရာ ယန္တရားအားလုံးနီးပါးရပ်ဆိုင်းသွားပြီး လူဝင်မှုကြီးကြပ်ရေးရုံပဲဆက်ဖွင့်ထားတယ်။ မြို့နားမှာတိုက်ပွဲတွေပြင်းထန်နေတာကြောင့် မြို့ပေါ်က ပြည်သူတွေလဲထိုင်းဘက်ကိုကူးတဲ့တံတားတွေပေါ်မှာ တန်းစီတိုးနေကြတယ်။ စစ်ကောင်စီက မြို့ပေါ်ကို အချိန်မရွေးအကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်လာနိုင်တယ်လေ။ KNUအနေနဲ့ကတော့ ထိုမြို့စောင့်တပ်ကိုရရင် မြဝတီမြို့ကိုအပြီးသတ်ထိန်းချုပ်နိုင်ပြီလို့ပြောလို့ရပြီလေ။
ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)
ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက...