မြဝတီမြို့တဖက်ခြမ်းထိုင်းနိုင်မဲဆောက်မြို့လေယာဉ်ကွင်းမှာသုံးရက်ဆက်တိုက်အထူးလေယာဉ်တွေဆင်းသက်ခွင့်ပေးဖို့တောင်းဆိုခဲ့ပေမယ့်လဲမနေ့ညကလေယာဉ်တစ်စီးဆင်းသက်အပြီးမှာတော့နောက်ရက်ေတွေအတွက်လေယာဉ်ခရီးစဉ်တွေကစစ်ကောင်စီအကြောင်းပြချက်မရှိဖျက်သိမ်းခဲ့ပါတယ်။ထိုလေယာဉ်တွေဟာလက်နက်ချခဲ့တဲ့စစ်ကောင်စီတပ်သားတွေကိုလာရောက်ခေါ်ယူတာဆိုပေမယ့်ခေါ်မသွားနိုင်ခဲ့ဘူး။လက်က်နက်ချစစ်သားတွေကိုထိန်းသိမ်းထားတဲ့KNUကထုတ်မပေးခဲ့ဘူး။KNUကထုတ်မပေးခဲ့ဘူးဆိုတာထပ်လက်နက်ချခဲ့သူတွေကိုယ်တိုင်ကစစ်ကောင်စီလက်ထဲပြန်မသွားချင်ကြတော့ဘူးလို့သိရတယ်။လက်နက်ချစစ်သားတွေထဲမှာရှမ်းမြောက်လောက်ကိုင်မှာလက်နက်ချသူတွေပါဝင်နေတယ်လို့သိရတယ်။သူတို့ကတော့နှစ်ထပ်ကွမ်းလက်နက်ချသူတွေပေါ့။သူတို့ဘက်ကကြည့်မယ်ဆိုရင်လဲစစ်မတိုက်ချင်လို့လက်နက်ချပါတယ်ဆိုစစ်ကောင်စီလက်ထဲပြန်ရောက်သွားလိုက်၊ရှေ့တန်းပြန်ရောက်လာလိုက်၊ရှေ့တန်းမှာလက်နက်ချလိုက်နဲ့လည်နေတယ်။သူတို့အနေနဲ့လဲစစ်ကောင်စီလက်ထဲပြန်သွားချင်ကြမှာမဟုတ်တော့ဘူး။
KNUဘက်ကတော့စစ်သုံ့ပန်းတွေရဲ့ဆန္ဒမပါပဲစစ်ကောင်စီထံပြန်မလွှဲပေးဘူးလို့ပြောထားတယ်။ထိုစစ်သုံ့ပန်း၆၀၀ကျော်ကိုလဲလုံခြုံတဲ့နေရာမှာထိန်းသိမ်းထားတယ်လို့ဆိုတယ်။ဒီနေရာမှာထိုင်းအစိုးရကKNUကိုတစုံတရာဖိအားပေးပေမယ့်KNUကလက်မခံခဲ့ဘူးလို့သိရတယ်။စစ်ကောင်စီအတွက်တော့ထိုင်းနယ်စပ်စစ်မျက်နှာမှာအကြီးအကျယ်အရှက်ရစေတဲ့ပွဲတစ်ခုပါပဲ။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။