ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ကော့ကရိတ်မြို့ဘက်မှာ စစ်ကောင်စီနဲ့ KNUတို့ ဒီရက်ပိုင်းတိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေပါတယ်။ နောက်ဆုံးသိရတဲ့သတင်းအရ ကော့ကရိတ်မြို့နဲ့မြဝတီမြို့ကြား သင်္ကန်းညီနောင်က စစ်တပ်ရဲ့အခြစိုက်ဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ထိုဗျူဟာစခန်းက တပ်မိသားစုဝင်တွေအပါအဝင် တပ်ဖွဲ့ဝင်၆၀၀ကျော် လက်နက်ချခဲ့ပါတယ်။ နှစ်ပေါင်း၅၆နှစ်ကြာစစ်တပ်ကတပ်စွဲထားတဲ့ထိုစခန်းကြီးကို မနေ့က မနက်ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့နေ့လည်မှာရရှိခဲ့တာပါ။ ဗျူဟာစခန်းဖြစ်တာကြောင့် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ခဲယမ်းမီးကျောက်တွေများစွာကိုလဲသိမ်းပိုက်ရရှိခဲ့တယ်။
သင်္ကန်းညီနောင်အခြစိုက်ဗျူဟာစခန်းကြီးတစ်ခုလုံးလက်နက်ချတာဟာ ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများဆုံးလက်နက်ချခဲ့တာဖြစ်ပြီး ရှမ်းမြောက်လောက်ကိုင်မှာ ၂၀၀၀ကျော်လက်နက်ချခဲ့ပြီးနောက် ဒါဒုတိယအများဆုံး အစုလိုက်အပြုံလိုက်လက်နက်ချမှုလို့ ပြောလို့ရတယ်။
သင်္ကန်းညီနောင်အရှေ့ဘက်ကပ်လျက်မှာတည်ရှိနေတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီမြို့မှာတော့ တိုက်ပွဲတွေကြောင့် အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်နေတယ်။ မြဝတီမြို့ပေါ်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို စစ်ကောင်စီကဖြတ်တောက်လိုက်ပြီး ထိုင်းဘက်ကဖုန်းလိုင်းတွေကိုသာ ကျော်ခွအသုံးပြုနေရတယ်။ မြဝတီမြို့အနီးမှာတော့ စစ်ကောင်စီတပ်ရင်းတစ်ခုကျန်နေသေးပြီး မြို့အနီးအနားကစစ်တပ်စခန်းတွေကျကုန်တာကြောင့် စစ်ပွဲဟာ မကြာမှီ မြဝတီမြို့ဆီ ရောက်လာလိမ့်မယ် ထင်တယ်။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...