မနေ့ကဖြစ်ပွားခဲ့တဲ့နေပြည်တော်ဒရုန်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်တော့ဒရုန်း၇စီးကိုပစ်ချထားနိုင်ပြီးထိခိုက်မှုမရှိဘူးလို့ငြင်းဆိုထားတယ်။ဒါ့အပြင်ထိုဒရုန်းတွေဟာအပျော်တမ်းဒရုန်းသာသာတွေပါလို့လဲပြောသေးတယ်။သူတို့စကားကိုပြန်ကောက်ရမယ်ဆိုရင်တော့ထိုအပျော်တမ်းဒရုန်းတွေကိုတောင်စစ်ကောင်စီရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကမကာကွယ်နိုင်ဘူးလို့ဝန်ခံလိုက်တာပဲ။NUGဘက်တော့ဒါဟာအစပဲရှိသေးပြီးနောက်ထပ်အခုလိုတိုက်ခိုက်မှုတွေအများကြီးလုပ်ဆောင်သွားမယ်လို့ပြောထားသေးတယ်။
ဒါ့အပြင်မနေ့ကတစ်နေ့ထဲမှာပဲမကွေးတိုင်းပေါက်မြို့နယ်ကစစ်ကောင်စီရဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံတစ်ခုကိုရှော့တိုက်ဒုံးတွေနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်။တိုက်ခိုက်မှုကြောင့်စက်ရုံလည်ပတ်မှုရပ် ဆိုင်းသွားတယ်လို့သိရတယ်။
အခုလိုဒရုန်းတိုက်ခိုက်မှု၊ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်မှုတွေဟာတိကျမှုအားနည်းတာကြောင့်မြေပြင်မှာသိသာတဲ့အကျိုးရလဒ်တစ်ခုထွက်ပေါ်လာဖို့ခဲယဉ်းပါတယ်။ဒါပေမယ့်ထိုတိုက်ခိုက်မှုတွေကိုလုပ်ဆောင်နိုင်တာကြောင့်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့စိတ်ဓာတ်အင်အားမြင့်တက်စေပြီးစစ်ခေါင်းဆောင်အတွက်တော့မလုံခြုံသလိုခံစားရစေပါတယ်။နေပြည်တော်လိုနေရာမျိုးမှာဒရုန်းတိုက်ခိုက်မှုတွေကြုံခဲ့ရတာကြောင့်စစ်ကောင်စီအတွက်သူတို့ကွန်ယက်ကိုပြင်ဆင်ဖို့လူအား၊ငွေအား၊နည်းပညာအားတွေဖြည့်တင်းရင်းသူတို့ကိုအလုပ်ရှုပ်စေမှာပါ။
အောက်တိုဘာ ၀၂၊ ၂၀၂၄။ (ဗုဒ္ဓဟူး)
ကချင်ပြည်နယ်ထဲမှာလဲ KIA ကပြည်နယ်မြောက်ပိုင်းရှိ ချီဖွေနှင့်ဆော့လော် မြို့နှစ်မြို့ကို...