အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်တွေ အဓိကနေထိုင်ရုံးစိုက်ရာ နေပြည်တော်ရှိ စစ်ရုံးချုပ်နဲ့ ဧလာလေတပ်ဟာ ဒရုန်းအစီး၃၀ကျော်ဖြင့် ဒီနေ့မှာ တိုက်ခိုက်ခြင်းခံလိုက်ရတယ်။ ထိုတိုက်ခိုက်မှုကို NUG(MOD)က ပြုလုပ်ခဲ့တာဖြစ်ကြောင်း ကြေညာခဲ့ပြီး အသေခံစစ်ဆင်ရေးဒရုန်းများကို အသုံးပြုခဲ့ကြောင်းသိရတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း နေပြည်တော်စစ်ရုံးချုပ်ကို ဒရုန်း၁၆စင်း၊ ဧလာလေတပ်ကို၁၃စင်းဖြင့် တိုက်ခိုက်ခြင်းဖြစ်ကာ စစ်ကောင်စီစစ်ရုံးချုပ် ထိခိုက်ပျက်စီးမှုအခြေအနေတွေကို မသိရသေးသော်လည်း ဧလာလေတပ်ထဲမှာတော့ မီးလောင်မှုများရှိနေကြောင်း သိရတယ်။ ပစ်မှတ်တွေထဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နေအိမ်လဲပါဝင်တယ်လို့သိရတယ်။ ထိုဒရုန်းတွေဟာ စစ်ကောင်စီရဲ့ဂျန်ဘာစနစ်ကို ကျော်ဖြတ်နိုင်အောင် အထူးထုတ်ထားတဲ့ဒရုန်းတွေဖြစ်ပြီး ထိုစစ်ဆင်ရေးပြုလုပ်ဖို့ လေးလကျော်ကြာ ပြင်ဆင်ခဲ့ရကြောင်းPDFအထူးတပ်ဖွဲ့တွေကပြောကြားထားတယ်။
စစ်အာဏာသိမ်းသုံးနှစ်ကျော်ကာလမှာ နေပြည်တော်ကို ပစ်မှတ်ထားဦးတည်တိုက်ခိုက်မှုတွေရှိခဲ့ပေမယ့် စစ်ဗိုလ်ချုပ်ကြီးတွေနေထိုင်ရာ အတွင်းစည်းဖြစ်တဲ့စစ်ရုံးချုပ်ကို တိုက်ခိုက်နိုင်မှုကတော့ ဒါဟာပထမဆုံးပါ။ စစ်ခေါင်းဆောင်တွေအတွက် သူတို့အလုံခြုံဆုံးလို့ထင်ရတဲ့နေရာတွေပါ မလုံခြုံတော့ဘူးလို့ သတိပေးလိုက်တာပဲ။
ဇန်နဝါရီ ၂၉၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ဒီနေ့ဟာတရုတ်နှစ်ကူးနေ့ပါ။အရင်ကမြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်တရုတ်နှစ်ကူးကို ရုံးပိတ်ရက်သတ်မှတ်မပေးဘူး။အခုမင်းအောင်လှိုင်လက်ထက်ကျမှ တရုတ်ကိုအဖေခေါ်ပြီးရုံးပိတ်ရက်သတ်မှတ်လိုက်တယ်။တရုတ်နှစ်ကူးပွဲကိုတော့ ဒီနိုင်ငံမှာထူးထူးခြားခြားဘာမှမပြုလုပ်ကြပါဘူး။ရန်ကုန်ကတရုတ်တန်းတဝိုက်...