No Result
View All Result
တော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား ၈ ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးသူများထဲတွင် ဘုန်းတော်ကြီးတစ်ပါး ပါဝင်တယ်။ ဗုံးကြဲခံရသည့် ဘုန်းကြီးကျောင်းသည် ဖာပွန်မြို့တွင်းတစ်နေရာမှ ဘုန်းကြီးကျောင်းဖြစ်ပြီး အဆိုပါ ဘုန်းကြီးကျောင်းထဲ၌ အရပ်သား ၂၀၀ ခန့်ခိုလှုံနေတာပါ။ ဖာပွန်မြို့တွင် စစ်ကောင်စီက ရုရှားထုတ် MIG-29 တိုက်လေယာဉ်၊ Yak – 130 တိုက်လေယာဉ်နှင့် Yak -12 သယ်ယူပို့ဆောင်ရေး လေယာဉ်များသုံးကာ လွန်ခဲ့သည့် တစ်ပတ်ကတည်းက အရပ်သားပစ်မှတ်တွေပါမချန်ပဲ ဗုံးကြဲနေခြင်းဖြစ်တယ်။
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်မှာလဲ အမျိုးသားတစ်ဦး စစ်မှုထမ်းရန် ခေါ်ဆောင်သွားခံရပြီး ၄ ရက်အကြာတွင် သေဆုံးသွားတယ်။ သေဆုံးသွားသူမှာမွတ်စလင်အမျိုးသားဖြစ်ပြီး အခြား သင်တန်းသားသစ်များနှင့်အတူ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ တပ်ရင်းတစ်ခုကို ခေါ်ဆောင်သွားခြင်းခံရတယ်။ အရက်သောက်တတ်သူဖြစ်တာကြောင့် စစ်ဆေးရုံတွင် အရက်ဖြတ် ဆေးထိုးကာ ဆေးရုံတင်ထားချိန်မှာ သေဆုံးသွားတာပဲ။ ဆေးရုံတက်နေစဉ် မိသားစုက သွားရောက်တွေ့ဆုံရန် ကြိုးပမ်းသော်လည်း စစ်စည်းကမ်းအရဟု ဆိုကာ တွေ့ခွင့်မပေးဘူး။ ထိုသူဟာ စစ်မှုထမ်းရန်ခေါ်ဆောင်သွားသူတွေထဲမှာ ပထမဆုံး သေဆုံးသွားသူပါ။ ဆေးရုံတင်ထားချိန်မှာ သေဆုံးသွားတာလို့ ပြောပေမယ့် ဒါဟာစစ်တပ်က အပြောပဲရှိတယ်။ မွတ်စလင်အမျိုးသားဖြစ်တဲ့အတွက် သွေးရိုးသားရိုးတော့မဟုတ်ဘူးလို့ ယူဆရတယ်။
No Result
View All Result