ကချင်ပြည်နယ်၊မိုးမောက်လွယ်ဂျယ်လမ်းပေါ်ကစစ်ကောင်စီတပ်တွေနှစ်ပေါင်း၇၀နီးပါးအထိုင်ချထားတဲ့စိန်လုံတောင်ဗျုဟာစခန်းကိုKIAကအပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။သိမ်းပိုက်ရရှိတဲ့လက်နက်ခဲယမ်းတွေကိုတော့တညလုံးကားကြီး၊ကားငယ်အသွယ်သွယ်နဲ့သယ်ယူနေရတယ်လို့ကြားတယ်။ထိုစခန်းကိုသိမ်းပိုက်နိုင်လိုက်တာကြောင့်ဗန်းမော်-မိုးမောက်-လွယ်ဂျယ်လမ်းပေါ်မှာစစ်ကောင်စီတပ်စခန်းတွေ ကင်းစင်သွားပါပြီ။ဒီပုံအတိုင်းဆိုနယ်စပ်ကုန်သွယ်ရေးမြို့လွယ်ဂျယ်ကိုသိမ်းပြီးနောက်KIAရဲ့နောက်ထပ်ပစ်မှတ်ဟာဗန်းမော်မြို့ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင်ကချင်ပြည်နယ်ထဲကတိုက်ပွဲတွေမှာစစ်ကောင်စီရဲ့တပ်မမှုးတစ်ဦးထပ်မံကျဆုံးတယ်လို့သိရတယ်။ကျဆုံးသွားတဲ့သူဟာတပ်မ၈၈တပ်မမှုးဖြစ်ပြီးရှေ့တန်းစစ်စခန်းတစ်ခုမှဆုတ်ခွာနေချိန်လမ်းမှာကြားဖြတ်တိုက်ခိုက်ခံရတာကြောင့်ကျဆုံးသွားတာဖြစ်တယ်။ဒါဟာကချင်စစ်မျက်နှာမှာစစ်တပ်ဘက်ကပထမဆုံးတပ်မမှုးအဆင့်ကျဆုံးမှုဖြစ်လာတယ်။ကချင်ပြည်နယ်မှာKIAရဲ့ထိုးစစ်စတင်ပြီးတစ်လနီးပါးအကြာမှတော့စစ်ကောင်စီတပ်စခန်း၆၀ကျော်ကိုသိမ်းပိုက်ထားနိုင်ပြီးပြည်နယ်ရဲ့နေရာအနှံအပြားမှာဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


