ဒီနေ့ဟာApril FoolDayပါ။ ပြည်တွင်းစီးပွားရေးစျေးကွက်မှာတော့ အမေရိကန်တစ်ဒေါ်လာကို ၃၉၀၀ကျပ်ဝန်းကျင်နဲ့ ရွှေတစ်ကျပ်သားကို ၄၅သိန်းကျော်ထိထိုးတက်နေပါတယ်။ ဒီသတင်းကတော့ April Fool မဟုတ်ပါဘူး။ တကယ့်စျေးကွက်မှာ ဖြစ်ပျက်နေတာပါ။ ကမ္ဘာ့ရွှေစျေး အတက်ဘက်ပြနေခြင်း၊ ပြည်တွင်းနိုင်ငံရေးစစ်ရေးအခြေအနေမတည်ငြိမ်ခြင်း စတာတွေကြောင့် စျေးတွေကထပ်တက်ဖို့ပဲတာဆူနေပါတယ်။ ရွှေစျေး၊ဒေါ်လာစျေးတွေ တက်လာတာကိုယ်နဲ့မဆိုင်သလို နေလို့မရပါဘူး။ ကုန်စျေးနှုန်းတွေပါလိုက်တက်လာတယ်လေ။ စစ်ကောင်စီကတော့ ရွှေစျေးတက်နေတာကြောင့် နာမည်ကြီးရွှေဆိုင်တွေကို အရေးယူနေတာတွေ့ရတယ်။ဒါဟာလဲစျေးကွက်အပေါ် ဘာအကျိုးသက်ရောက်မှုမှရှိမှာမဟုတ်ဘူး။ စျေးတွေကတော့ သင်္ကြန်မတိုင်ခင်အထိ ထိုးတက်နေလိမ့်ဦးမယ်။
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


