မြို့တော်စစ်တွေမှာလဲ ပုဏ္ဏာကျွန်းမြို့ကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲတွေ တဖြည်းဖြည်းနီးကပ်လာလို့ ဒေသခံတွေမြို့ကို စွန့်ခွာထွက်ပြေးနေကြတယ်။ AAက ပုဏ္ဏားကျွန်းမြို့ကို မတ်လ ၄ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီးနောက် အခုရက်ပိုင်းတွေမှာ မြို့ကိုစွန့်ခွာသူတွေများလာတာပါ။ ဒေသခံအများစုဟာ ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပေါက်တော၊ ကျောက်တော်၊ မင်းပြားနဲ့ မြောက်ဦး စတဲ့ မြို့နယ်တွေဘက်ကို ထွက်ပြေးတာတွေရှိသလို ရန်ကုန်ဘက်ကိုလည်း လေကြောင်းကနေတစ်ဆင့် ထွက်ပြေးတာရှိပြီး တစ်နေ့ကို လူသုံးရာခန့်အထိ နေ့စဉ်ထွက်ပြေးနေကြတယ်။ စစ်တွေမြိုမှာ လူပေါင်းတစ်သိန်းခွဲနီးပါးနေထိုင်ပြီးအခုဆိုရင် မြို့နေလူဦးရေတစ်ဝက်လောက်က မြို့ကိုစွန့်ခွာသွားပါပြီ။ မြို့ထဲမှာလဲ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်ကလည်း မြို့ပေါ်တွေမှာပါ စစ်ရေးအခိုင်အမာပြင်ဆင်မှုတွေ ရှိနေလို့ တိုက်ပွဲဖြစ်လာရင် ပိတ်မိနေမှာကို စိုးရိမ်တာကြောင့် အခုလို ထွက်ပြေးနေကြတာပါ။ဒါပေမယ့် ငွေကြေးတတ်နိုင်တဲ့သူတွေဟာထွက်ပြေးနိုင်ကြပြီး ငွေကြေးမတတ်နိုင်တဲ့သူတွေကတော့ မြို့ထဲမှာပဲအဆင်ပြေသလို ဆက်လက်နေထိုင်နေရတယ်။ စစ်တွေမြို့ကထွက်ပြေးနိုင်ဖို့ဆိုရင် လူတစ်ဦးကိုအနည်းဆုံး၁၀သိန်းခန့် ကုန်ကျစာရိတ်ရှိတယ်လို့လဲသိရတယ်။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...